သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ အေမရိကန္လႊတ္ေတာ္မွာမိန္႔ခြန္းေျပာ 


ယူကရိန္းနဲ႔ ႐ုရွားတပ္ဖြဲ႔ေတြ လေပါင္းမ်ားစြာ  ရင္ဆိုင္တိုက္ပြဲဝင္ေနတဲ့ Bakhmut ၿမိဳ႕မွာ လႊင့္ထူခဲ့ၿပီး ယူကရိန္းစစ္သားေတြကိုယ္တိုင္ လက္မွတ္ထိုးေပးလိုက္တဲ့ ယူကရိန္းအလံကိုလည္း ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ ဒုသမၼတ ကာမလာဟဲရစ္စ္ တို႔ ကိုင္ေဆာင္ထားစဥ္။ (ဒီဇင္ဘာ ၂၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန္းရင္ဆိုင္ေနရတဲ့စစ္ပြဲက ကမာၻတဝန္းက မ်ဳိးဆက္သစ္ကေလးငယ္ေတြနဲ႔ ေျမးျမစ္ေတြ ရွင္သန္ေနထိုင္မယ့္ အနာဂါတ္ကမာၻကိုပံုေဖာ္ေပးမယ့္ တိုက္ပြဲျဖစ္တယ္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ေျပာလိုက္ပါတယ္။

မေန႔ ဒီဇင္ဘာလ ၂၁ ရက္ေန႔က အေမရိကန္ျပည္ေထာင္စုကိုေရာက္ရွိလာတဲ့ ယူကရိန္းသမၼတ Volodymyr Zelenskyy က အထက္နဲ႔ ေအာက္လႊတ္ေတာ္ ၂ ရပ္ေပါင္းေရွ႕ေမွာက္မွာ မိန္႔ခြန္းေျပာၾကားစဥ္ ခုလို ေျပာခဲ့တာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုက ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြနဲ႔ ဘ႑ာေငြေၾကးအရ ေထာက္ပံ့ေပးေနတာေတြကို ပရဟိတအလွဴသေဘာနဲ႔မျမင္ၾကဖို႔နဲ႔ ကမာၻႀကီးရဲ႕လုံၿခဳံေရးနဲ႔ ဒီမိုကေရစီအတြက္ အရင္းအႏွီးျဖစ္တယ္လို႔မွတ္ယူထားၿပီး တာဝန္ရွိရွိအသုံးခ်သြားမယ္လို႔ သမၼတ Zelenskyy က ေျပာၾကားခဲ့ပါတယ္။ ယူကရိန္း ျပည္သူေတြအေနနဲ႔ ႐ြပ္႐ြပ္ခၽြံခြၽံ ခုခံေတာ္လွန္းၿပီး လက္နက္ခ်အညံ့ခံမွာမဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားတပ္ဖြဲ႔ေတြ လေပါင္းမ်ားစြာ ထိပ္တိုက္ရင္ဆိုင္တိုက္ပြဲဝင္ေနတဲ့ Bakhmut ၿမိဳ႕မွာ လႊင့္ထူခဲ့ၿပီး ယူကရိန္းစစ္သားေတြကိုယ္တိုင္ လက္မွတ္ထိုးေပးလိုက္တဲ့ ယူကရိန္းအလံကိုလည္း ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကို သမၼတ Zelenskyy က သူ႔မိန႔္ခြန္းအၿပီးမွာ တပ္ဖြဲ႕ဝင္ေတြကိုယ္စား ေပးအပ္ခဲ့ပါတယ္။

Nancy Pelosi ကလည္း ဗုဒၶဟူးေန႔က လႊတ္ေတာ္အေဆာက္အဦးမွာလႊင့္ထူခဲ့တဲ့ အေမရိကန္အလံကို အမွတ္တရအျဖစ္နဲ႔ ယူကရိန္းသမၼတကို ျပန္လည္ေပးအပ္ခဲ့ပါတယ္။ သူ႔ရဲ႕ မိန႔္ခြန္း စလယ္ဆုံး တေလွ်ာက္လုံးမွာ ယူကရိန္းႏိုင္ငံအတြက္ အေမရိကန္ျပည္သူေတြက ကူညီေပးတဲ့အေပၚ ေက်းဇူးတင္ေၾကာင္း သမၼတ Zelenskyy က အႀကိမ္ႀကိမ္ေျပာၾကားခဲ့သလို သူ႔မိန႔္ခြန္းတေလွ်ာက္ လႊတ္ေတာ္အမတ္ေတြကလည္း အႀကိမ္ႀကိမ္ မတ္တပ္ရပ္၊ လက္ခုပ္တီးၿပီး ဂုဏ္ျပဳခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ယူကရိန်းသမ္မတ အမေရိကန်လွှတ်တော်မှာမိန့်ခွန်းပြော

ယူကရိန်းရင်ဆိုင်နေရတဲ့စစ်ပွဲက ကမ္ဘာတဝန်းက မျိုးဆက်သစ်ကလေးငယ်တွေနဲ့ မြေးမြစ်တွေ ရှင်သန်နေထိုင်မယ့် အနာဂါတ်ကမ္ဘာကိုပုံဖော်ပေးမယ့် တိုက်ပွဲဖြစ်တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက်မှာ မိန့်ခွန်းပြောကြားစဉ် ခုလို ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေနဲ့ ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ပေးနေတာတွေကို ပရဟိတအလှူသဘောနဲ့မမြင်ကြဖို့နဲ့ ကမ္ဘာကြီးရဲ့လုံခြုံရေးနဲ့ ဒီမိုကရေစီအတွက် အရင်းအနှီးဖြစ်တယ်လို့မှတ်ယူထားပြီး တာဝန်ရှိရှိအသုံးချသွားမယ်လို့ သမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။ ယူကရိန်း ပြည်သူတွေအနေနဲ့ ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်းပြီး လက်နက်ချအညံ့ခံမှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ လပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ Bakhmut မြို့မှာ လွှင့်ထူခဲ့ပြီး ယူကရိန်းစစ်သားတွေကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့ ယူကရိန်းအလံကိုလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကို သမ္မတ Zelenskyy က သူ့မိန့်ခွန်းအပြီးမှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ပေးအပ်ခဲ့ပါတယ်။

Nancy Pelosi ကလည်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးမှာလွှင့်ထူခဲ့တဲ့ အမေရိကန်အလံကို အမှတ်တရအဖြစ်နဲ့ ယူကရိန်းသမ္မတကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်း စလယ်ဆုံး တလျှောက်လုံးမှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်သူတွေက ကူညီပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း သမ္မတ Zelenskyy က အကြိမ်ကြိမ်ပြောကြားခဲ့သလို သူ့မိန့်ခွန်းတလျှောက် လွှတ်တော်အမတ်တွေကလည်း အကြိမ်ကြိမ် မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

XS
SM
MD
LG