သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကသမ္မတ Jacob Zuma ကို ရာထူးကဖယ်ရှားဖို့ ANC ပါတီဆုံးဖြတ်


တောင်အာဖရိကသမ္မတ Jacob Zuma
တောင်အာဖရိကသမ္မတ Jacob Zuma

တောင်အာဖရိက သမ္မတ Jacob Zuma ကို ရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဏာရ ပါတီက ပြောဆိုလိုက်ပါတယ်။ သမ္မတ Zuma ဘက်ကတော့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

ANC ပါတီ ခေါင်းဆောင်တွေက သမ္မတ Zuma နဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက်ကို အသိပေး ပြောဆိုပြီးကြောင်း ပါတီ အတွင်းရေးမှူး Ace Magashule က ဒီကနေ့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ANC ပါတီရဲ့ အခြေခံ ဥပဒေပါ ပြဌာန်းချက်တခုကို အခြေခံပြီး ဆုံးဖြတ်ခဲ့တာ်လို့လည်း သူက ပြောဆိုသွားပါတယ်။

သမ္မတ Zuma ဘက်က တုံ့ပြန် ကြေညာချက် မရှိသေးသလို ပြန်ကြားရမယ့် နောက်ဆုံး အချိန် သတ်မှတ်ချက် ပေးမထားဘူးလို့ ပါတီ အတွင်းရေးမှူး Magashule ကလည်း ပြောဆိုထားပါတယ်။ ပါတီရဲ့ သဘောထား ဆန္ဒကို သဘောတူဖို့ အတွက် သမ္မတ ဇူးမား အနေနဲ့ အခြေခံ ဥပဒေ အရ လိုက်နာစရာတော့ မလိုအပ်ပါဘူး။ သမ္မတ ဇူးမား အနေနဲ့ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်မယ်ဆိုရင်တော့ ဒီကိစ္စက လွှတ်တော်ကို ရောက်သွားမှာ ဖြစ်ပြီး အယုံအကြည် မရှိ မဲခွဲမှုနဲ့ ဖယ်ရှားခံရနိုင်တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာရင်တော့ အာဏာရ ANC ပါတီ အကြီးအကဲ Cyril Ramaphosa က တောင်အာဖရိက သမ္မတ ဖြစ်လာနိုင်ပါတယ်။

အာဏာရ ANP ရဲ့ ခေါင်းဆောင်တွေ မြို့တော် ပရီတိုးရီးယားမှာ ၁၃ နာရီကြာ အစည်းအဝေး ထိုင်နေကြချိန်မှာဘဲ ပါတီ အကြီးအကဲ Ramaphosa နဲ့ အတွင်းရေးမှူး Magashule တို့က ဒီကနေ့ မနက်ပိုင်း သမ္မတ ဇူးမားနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ သမ္မတ ရာထူးကို လအနည်းငယ် ဆက်လက် ရယူဖို့ သမ္မတ ဇူးမားရဲ့ ပန်ကြားချက်ကို ပါတီ ခေါင်းဆောင်နဲ့ အတွင်းရေးမှူးတို့က လက်မခံခဲ့ကြဘဲ နုတ်ထွက်စာ တင်ဖို့ ၄၈ နာရီ အချိန်ပေးခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

တောင်အာဖရိကသမ္မတ Jacob Zuma ကို ရာထူးကဖယ်ရှားဖို့ ANC ပါတီဆုံးဖြတ်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG