သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အချိန်ကာလ သတ်မှတ်ဆောက်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူ 


အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (နိုဝင်ဘာ ၁၁၊ ၂၀၂၂)
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (နိုဝင်ဘာ ၁၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု မရှိသလောက်ဖြစ်နေတာမို့ ဒီအတွက် အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွေ့ကျကျ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်သဘောတူခဲ့ကြပါတယ်။

“ မြန်မာနိုင်ငံကို နိုင်ငံရေးကိုယ်စားပြုပြီး ပါဝင်ခွင့်မပေးဖို့ဆိုတာ ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြင် အခြား အစည်းအဝေးတွေမှာပါကျင့်သုံးဖို့ အင်ဒိုနီးရှားက အဆိုပြုခဲ့ပါတယ်။ ဒါကိုလည်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့တယ်”- လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo ပြောသွားတာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံထုတ်ပြန်ချက်ထဲမှာတော့ ထိပ်သီး ဆွေးနွေးပွဲနဲ့ နိုင်ငံခြားရေး အစည်းအဝေးအပြင် လိုအပ်ချက်ရှိလာရင် အခြား အစည်းအဝေးတွေမှာပါ ကျင့်သုံးဖို့ဆိုတာ ပြန်သုံးသပ်ဖို့ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ကောင်စီကို တာဝန်ပေးတယ်လို့ ဖော်ပြပါရှိပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ရှုတ်ချထားပြီး လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ ဒါကိုတာဝန်ယူပြီး ဆင်ဆင်ခြင်ခြင်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းဖော်ပြပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာတာဟာ မြန်မာနိုင်ငံကိုသာမက ASEAN အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုကိုပါထိခိုက်စေပြီး မြန်မာနိုင်ငံတွင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့တာရှည်ခံမယ့် အဖြေတခုထုတ်နိုင်အောင် ASEAN က ကူညီသွားမယ်လို့လည်း ASEAN ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေတွေအပေါ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မပြတ်စောင့်ကြည့်ပြီး ထိပ်သီးညီလာခံကိုတင်ပြဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပါဝင်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကနေ မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာပါ။ ဒါကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ကိုယ်စားပြုခွင့်မပေးဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG