ယခင်အစိုးရလက်ထက် စီမံကိန်းများ ပြန်ဆန်းစစ်သင့်သလား

President Thein Sein and Thai PM Yingluck Shinawatra visit controversial Tavoy Project

ဒီဇင်ဘာ ၁၅။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပန်းတောင်တောင် စီမံကိန်း စတဲ့ ယခင်အစိုးရလက်ထက် စတင်အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းလုပ်ငန်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက အကောင်အထည်ဖော်ခဲ့တဲ့ ရေရှည်စီမံကိန်းတွေ ဖွံဖြိုးရေးစီမံကိန်းတွေဟာ ဒေသခံလူထုအကျိုးစီးပွားကို ထိခိုက်နေသလို သဘာဝပတ်ဝန်းကျင်တွေကိုလည်း ထိခိုက်တာကြောင့် ပြန်လည်ဆန်းစစ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်က စလုပ်ခဲ့တဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ စီးပွားရေးစီမံချက်တွေကို လက်ရှိအာဏာပိုင်တွေအနေနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်သင့်သလဲဆိုတာ အခု စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဦးကိုကိုကြီးနဲ့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးတို့က အဓိက ပါဝင်ဆွေးနွေးထားကြပါတယ်။

နားဆင်ရန်

Your browser doesn’t support HTML5

callinshow 12-15-2012