ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ကုန်တိုက် ကုန်တင်ကားနဲ့ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ဆွီဒင်မြို့လည် ကုန်တင်ကားနဲ့ တိုက်ခိုက်မှုဖြစ်ပွား။ (ဧပြီ ၇၊ ၂၀၁၇)

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ က ဈေးဝယ်စင်တာတခုကို ထရပ်ကားတစင်း ဝင်တိုက်ခဲ့ တာကြောင့် လူ ၃ယောက် ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ စတော့ဟုမ်းမြို့ ရဲတပ်ဖွဲ့ကလည်း ၃ယောက် သေဆုံးပြီး တော်တော်များများ သေဆုံးသွားတယ်လို့ အတည်ပြုထားပြီး စတော့ဟုမ်းမြို့လည်ကို ရှောင်ရှားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ ဆင်တူတယ်လို့လည်း ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven က ပြောပါတယ်။ ဆွီဒင်အစိုးရအနေနဲ့ ဘာဖြစ်တယ်ဆိုတာ သိနိုင်ဖို့ အတွက် အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဆွီဒင်သတင်းမီဒီယာတွေရဲ့ အဆိုအရကတော့ ငါးယောက်သေဆုံးပြီး အဲ့ဒီ့နားတဝိုက်မှာ သေနတ်သံတွေပါ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ထရပ်ကားဟာ Ahlens ကုန်တိုက်နဲ့ စတော့ဟုမ်းမြို့ ရဲ့ အကြီးဆုံးလူသွားလမ်းဖြစ်တဲ့ Drottninggatan လမ်းထောင့်ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ကုန်တိုက် ကုန်တင်ကားနဲ့ တိုက်ခိုက်မှု ၃ ဦးသေဆုံး