အိန္ဒိယရထားမှောက် ၂၃ ဦးသေ

Kalinga-Utkal ရထားလိုင်း Uttar Pradesh ပြည်နယ်ထဲမှာ လမ်းချော်ကျ တိမ်းမှောက်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ စနေနေ့က ခရီးသည်တင်ရတာ လမ်းချော်ကျရာမှာ လူ ၂၃ ဦးထက်မနည်းသေဆုံးပြီး အခြားလူတွေ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ လူစီးတွဲ ၆ တွဲထက်မနည်းပါတဲ့ Kalinga-Utkal ရထားလိုင်းဟာ Uttar Pradesh ပြည်နယ်ထဲမှာ လမ်းချော်ကျပြီး တွဲအချင်းချင်း တိုက်မိသွားခဲ့တယ်လို့ ပြည်နယ်ထိပ်တန်း အရာရှိတဦးဖြစ်သူ Arvind Kumar ကပြောပါတယ်။

ရထားလမ်းချော်တိမ်းမှောက်သွားရတဲ့အကြောင်းရင်းကို ချက်ချင်း မသိရသေးဘူးလို့ ရထားလမ်းပြောခွင့်ရသူ Neeraj Sharmaကပြောပါတယ်။ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကိုကယ်ထုတ်ပေးတဲ့ရဲတို့ကို ဒေသခံ စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းကူညီပေးပါတယ်။ ဒဏ်ရာရသွားသူတွေကို ဒေသတွင်းဆေးရုံကို ပို့ဆောင်ပေးထားပြီး လူနာတွေရဲ့အခြေအနေတွေတည်ငြိမ်နေတယ်လို့ ဆရာဝန်တို့ကပြောပါတယ်။

Kalinga-Utkal ရထားလိုင်းဟာနိုင်ငံ မြောက်ပိုင်းက ဟိန္ဒူတို့ရဲ့ အထွဋ်အမြတ်ထားရာ Haridwar မြို့နဲ့ အရှေ့ပိုင်းက ဘုရားကျောင်းတွေရှိရာ Puri မြို့ကို ဆက်သွယ်ပြေးဆွဲတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယရထားမှောက် ၂၃ ဦးသေ