နျူသဘောတူညီချက် အီရန် ပြန်လည်ညှိနှိုင်းမည်မဟုတ်

အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ( မေ ၃-၂၀၁၈)

၂၀၁၅ မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ရရှိခဲ့တဲ့ အီရန်နျူကလီယားဆိုင်ရာ သဘောတူစာချုပ်အတွက် ပြန်လည်ညှိုနှိုင်းမှုတွေ လုပ်မှာမဟုတ်ဖူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်မထွက် ဆုံးဖြတ်ဖို့ နောက်ဆုံးသတ်မှတ်ရက် မကုန်ဆုံးခင် ရက်ပိုင်းအလိုမှာပဲ ခုလို ကြေညာချက် ထွက်လာတာပါ။

သဘောတူညီချက်အတွက် အီရန်ရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်ကိုကန့်သတ်ဖို့ အဆိုပြုချက်အပါအဝင် ပြင်ဆင်မှုတွေမလုပ်ရင် နှုတ်ထွက်မယ်လို့ သမ္မတ Trump က ပြောကြားခဲ့တာ ဖြစ်ြ့ပီး ဒီအစီအစဉ်ကို အီရန်က ဆက်ထားချင်နေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေး Ali Akbar Velayati က တကယ်လို့ သမ္မတ Trump က သဘောတူညီချက်ကနေ နှုတ်ထွက်ဖို့ခြိမ်းခြောက်ထားတဲ့ အတိုင်း လုပ်ခဲ့ရင် အီရန်ကလည်း နှုတ်ထွက်မှာ ဖြစ်ကြောင်း အီရန်ရုပ်သံကနေ ပြောကြားပြီး သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ဒဏ်ခတ်မှုတွေ လျှော့ချပေးဖို့ အပေးအယူလုပ်တဲ့ ဘယ်ညှိနှိုင်းဖို့ ကြိုးစားမှုမျိုးကို မဆို လက်မခံနိုင်ကြောင်းလည်း ပြောကြား လိုက်ပါတယ်။ သဘောတူညီချက်မှာ ဘာတခုမှ ထပ်ပြီးဖြည့်စွက်မှု၊ဖယ်ရှားမှု မလုပ်ပဲ လက်ရှိအတိုင်းပဲ အီရန်က လက်ခံမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ပြောကြားချက်တွေအတွက် Trump အစိုးရအဖွဲ့က ဘာမှ မတုန့်ပြန်သေးပါဘူး။

Your browser doesn’t support HTML5

နျူသဘောတူညီချက် အီရန် ပြန်လည်ညှိနှိုင်းမည်မဟုတ်