အီရန်နျူကလီးယားသဘောတူညီချက်နဲ့ အမေရိကန်
အီရန်နျူးကလီးယားအရေး နိုင်ငံတကာနဲ့ သဘောတူညီထားတဲ့ စာချုပ်အတိုင်း ဆက်လက်ရပ်တည်သွားမလား ဆိုတာနဲ့ ပတ်သက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန်သမ္မတ Donald Trump ကြေညာဖို့ ရှိပါတယ်။ နောက်ဆုံး သဘောထားပေးရမယ့် မေ ၁၂ ရက်မတိုင်ခင်မှာ အခုလို စောကြေညာမှာပါ။ အီရန်အပါအဝင် ဒီစာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အမေရိကန်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေကတော့ အမေရိကန်အနေနဲ့ ဒီသဘောတူညီချက်နေ နှုတ်ထွက်မလားဆိုပြီး စိုးရိမ်နေကြသလို ဒီလိုနှုတ်ထွက်မယ်ဆိုရင် အကျိုးဆက်ကလည်း ကြီးကြီးမားမား ရိုက်ခတ်နိုင်တယ်ဆိုပြီးအကဲခတ်တွေက သုံးသပ်ပါတယ်။ VOA သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။