Gina Haspel CIA အကြီးအကဲ ရာထူး စယူ

Your browser doesn’t support HTML5

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲ ရာထူးတာဝန်ထမ်းဆောင်ဖို့ Gina Haspel ဟာ တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ CIA ရဲ့ ပထမဆုံး အမျိုးသမီးအကြီးအကဲအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် Haspel ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၊ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင် အဆောက်အအုံ ၂ ခု အကြမ်းဖက်တိုက်ခိုက်ခံရအပြီး နောက်ပိုင်းမှာ အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို နှိပ်စက်ညှဉ်းပမ်းမှုနဲ့ ပတ်သက်ပြီး ကြီးကြပ်စေခိုင်းရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး အဓိကပါတီကြီး ၂ ရပ်လုံးက လွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ သမ္မတ Donald Trump ကတော့ အခုလို ထိုးနှက်ဝေဖန်မှုတွေကို ရင်ဆိုင်ကျော်လွှားခဲ့တဲ့ Haspel ရဲ့ အရည်အချင်းကို ချီးကျူးပြောဆိုသလို ဒီလုပ်ငန်းတာဝန်အတွက် သူ့ထက်ပိုသင့်လျော်တဲ့သူမရှိဘူးဆိုပြီး ပြောပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။