ဗလီဝတ်ပြုသူတွေအတွက် လုံခြုံရေးသင်တန်း

Your browser doesn’t support HTML5

အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်၊ အာလင်တန်ကဗလီမှာ ဝတ်ပြုသူတွေကို သေနတ်သမားနဲ့ ကြုံတွေ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတာကိုသင်ကြားပေးနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ တခြားသူတွေရဲ့ အသက်ကို ကယ်တင်ဖို့ လုံခြုံရေး ဘယ်လို ယူမလဲ ဆိုတာကို ဝတ်ပြုသူတွေ သင်ယူနေကြတာပါ။ နယူးဇီလန် နိုင်ငံက မူဆလင် ဗလီတခုမှာ လူ ၅၀ သေဆုံးခဲ့ရမှု၊ နောက် အမေရိကန် ပြည်ထောင်စု Pittsburgh က ဂျူးဘုရားကျောင်း မှာ လူ ၁၁ ဦး သေဆုံးခဲ့ရမှု အပါအဝင် ကမ္ဘာတဝန်းက ဘာသာရေးဆိုင်ရာ ဆုတောင်း ဝတ်ပြုတဲ့ ဘုရားကျောင်းတွေမှာ အစုလိုက် အပြုံလိုက် ပစ်ခတ်ခံရမှုတွေ ကြုံခဲ့ရပြီး နောက်ပိုင်း အခုလို လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Nilofar Mughal က Arlington မြို့ကနေ သတင်းပေးပို့ထားပါတယ်။ မသိဂီ ၤထိုက် ပြောပြပေးမှာပါ။