အမေရိကန်ပြည်ထောင်စု သေဒဏ်စီရင်ခွင့်
Your browser doesn’t support HTML5
ဆိုးရွားပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် တရားရေးဌာနက ပြီးခဲ့တဲ့ အပတ် မှာ သေဒဏ်ပေးတာကို ပိတ်ပင်ထားတဲ့ ဗဟိုအစိုးရရဲ့ ယာယီအမိန့်ကို ရုတ်သိမ်းခဲ့ပါတယ်။ သေဒဏ်ဆန့်ကျင်သူတွေက ဒီလုပ်ရပ်ကို လူသားမဆန်ဘူး၊ ကျင့်ဝတ်ပိုင်းအရ မညီညွတ်ဘူးလို့ ရှုတ်ချကြပြီး ထောက်ခံသူတွေကတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ဟာ အဆိုးရွားဆုံး ပြစ်မှုတွေအတွက် လုပ်သင့်တဲ့ ကိစ္စ ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် အများစုကလည်း သေဒဏ်ကို ထောက်ခံနေတဲ့အကြောင်း Brian Padden သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။