(Zawgyi/Unicode)
Covid-19 ရောဂါ အလ ျှင်အမြန်ကူးစက်ပြန့်နှံ့နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ နေ့စဉ်ပိုးကူးသူ ၄ သောင်းကနေ ၅ သောင်းထိရောက် လာတာကြောင့်အဆိုးဆုံးအခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားတယ်လို့ အဆင့်မြင့်အရာရှိတယောက်က ဒီကနေ့ပြောပါတယ်။ ကပ်ရောဂါဒဏ် အလူးအလဲရင်ဆိုင်နေရတဲ့အင်ဒိုနီးရှားနိုင်ငံထဲမှာကူးစက်မြန် Delta မျိုးဗီဇပြောင်းပိုးကူးစက်ပြန့်နှံ့လာတဲ့အတွက်အခြေအနေပိုဆိုးလာပါတယ်။ ဆေးရုံတွေမှာလည်း လူနာအတွက် အောက်ဆီဂျင်ရရှိရေးနဲ့ လူနာတွေ ဆေးကုသမှုရရရေးအခက်ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ ၁၀ရက်ဆက်တိုက်ပိုးကူးသူသစ်တိုးလာပြီးသေဆုံးသူ၅ ရာကျော်တဲ့နေ့လည်းအတော်များပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်ကလည်း နှေးကွေးနေတာပါ။ မသုံးပဲထားတဲ့အဆောက်အအုံတွေအပါအဝင် သီးသန့်လူနာဆောင်အဖြစ်ပြောင်းလဲနိုင်တဲ့နေရာတွေစီစဉ်ထားသလို အောက်ဆီဂျင်တွေ တိုးပြီးထောက်ပံ့ဖို့ အစိုးရက ကြိုတင်ပြင်ဆင်ထားတယ်လို့ အဆင့်မြင့်အရာရှိတယောက်ကပြောပါတယ်။
အင်ဒိုနီးရှားမှာ မနေ့က ပိုးကူးသူ ၃သောင်းကျော်ရှိပြီး စုစုပေါင်းပိုးကူးသူ ၂.၃ သန်းကျော်သွားပါပြီ။ တရုတ်နဲ့ စင်္ကာပူလို နိုင်ငံတွေက အကူအညီတွေတောင်းခံထားတယ်လို့လည်း အဲဒီအဆင့်မြင့်အရာရှိကပြောပါတယ်။ ဂျကာတာမြို့တဝိုက်ကဆေးရုံတွေမှာ လူနာကုတင် ၈ထောင်ထပ်တိုးထားပြီး ဘော်နီယိုကျွန်းပေါ်က ဆူမားမတျားနဲ့ ကာလီမန်တန် ဒေသအခြေအနေကိုပါ အနီးကပ်စောင့်ကြည့်နေတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကပြောပါတယ်။
ဒီအချိန်မှာပဲ ဂျပန်နိုင်ငံက အိမ်နီးချင်းအာရှနိုင်ငံတွေအတွက် AstraZeneca ကိုဗစ်ကာကွယ်ဆေး သန်းချီ ဒီတပတ်အတွင်းထပ်ပြီးပေးပို့လှုဒါန်းသွားမယ်လို့ပြောပါတယ်။ တိုင်ဝမ်အတွက် ကာကွယ်ဆေး၁.၁၃သန်းပေးပို့သွားမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့လမှာတော့ ကာကွယ်ဆေး ၁.၂၄ သန်းပေးပို့ ှုဒါန်းပြီးပါပြီ။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့အတွက် ကာကွယ်ဆေးတွေကို ကနဦးပေးပို့လှုဒါန်းထားပြီးဖြစ်သလို ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဗိယက်နမ်နိုင်ငံအတွက် ကာကွယ်ဆေး ၁ သန်းစီ ထပ်ပြီးပေးပို့လှုဒါန်းသွားမယ်လို့လည်း ဝန်ကြီး Motegi ကပြောပါတယ်။
Your browser doesn’t support HTML5
(Unicode)