ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု တရုတ် သတိထား တုံ့ပြန်

  • ဗွီအိုအေမြန်မာဌာန

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying (Feb. 24, 2022)

[[ ZAWGYI / UNICODE ]]

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု တရုတ် သတိထား တုံ့ပြန်

ယူကရိန်းနိုင်ငံကို ရုရှားက ကျုးကျော်တိုက်ခိုက်မှုအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက တုံ့ပြန်မှုတွေ ထွက်ပေါ်နေရာမှာ ရုရှားရဲ့ မဟာမိတ်တွေအနက် အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံက သိသိသာသာ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်တာတွေ့ရပါတယ်။ ရုရှားအပေါ် စီးပွားရေး၊ သံတမန်ရေးအရ အထီးကျန်အောင်လုပ်ဖို့ နိုင်ငံတော်တော်များများက ကြိုးပမ်းနေတာကိုလည်း တိုက်ရိုက်ထောက်ခံတာ သိပ်မတွေ့ရပါဘူး။

ယူကရိန်းနိုင်ငံက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့သာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ အဆင့်မရောက်အောင် သက်ဆိုင်သူတွေ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်လမ်းဖွင့်ထားပြီး၊ အခြေအနေတွေ ပိုဆိုးမလာအောင် ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရရဲ့ တုံ့ပြန်ချက်ဟာ မကြာသေးခင်က တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ကိုက်ညီတာ တွေ့ရပေမဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ ပြောဆိုနေချိန်မှာ ရုရှားကို ကူညီဖို့ မပြောခဲ့တာက ထူးခြားချက်အဖြစ်နဲ့လည်း ဘေဂျင်းမြို့တော် အခြေစိုက် သံတမန်တဦးက ပြောပါတယ်။

ရုရှားနိုင်ငံက ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံက ဝယ်ယူဖို့ မကြာသေးခင်က သဘောတူညီထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမယ် ဆိုတာမျိုး အနိမ့်ဆုံးအဆင့် အာမခံပြောဆိုတာမျိုးလည်း မတွေ့ရဘူးလို့ အမည်မဖော်လိုတဲ့ သံတမန်ကပြောပါတယ်။ ဒါပေမဲ့လည်း ရုရှားအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆု့ိအရေးယူမှုတွေက သက်သာရာရအောင် တရုတ်က ကူညီမယ့် အလားအလာတွေလည်း ရှိနေတာပါ။

တရုတ်နိုင်ငံကို ရုရှားက ဂျုံနဲ့ ဘာလီ တင်ပို့ဖို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သဘောတူညီချရရှိထားပြီး တရုတ်အကောက်ခွန်ဌာနကလည်း ဂျုံတင်သွင်းခွင့် ဗုဒ္ဓဟူးနေ့ကပဲ ခွင့်ပြုချက်ပေးထားပါတယ်။

= = = = = = = = = =

Your browser doesn’t support HTML5

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု တရုတ် သတိထား တုံ့ပြန်

{{ UNICODE }}





