ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ရသူ ၉,၆ဝဝ နီးပါးရှိ (UNOCHA)

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်က မြို့အတော်များများနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့တွေမှာ မကြာသေးခင်က စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် (AA) တို့အကြား တင်းမာမှုတွေ ကြီးထွားလာနေရာက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၉,၆၀၀ နီးပါး ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။