သမ္မတဟောင်း Trump ကို ရာဇဝတ်မှုနဲ့ တရားစွဲဆို

(မှတ်တမ်းပုံဟောင်း) Ansyen Prezidan Etazini Donald Trump nan Palm Beach, Florid, 15 Novanm 2022.

=== [[ ZAWGYI ]] ===

သမ္မတဟောင်း Trump ကို ရာဇဝတ်မှုနဲ့ တရားစွဲဆို

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တဦးကို ရာဇဝတ်ပြစ်မှုနဲ့ စွဲဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လိင်ဖျော်ဖြေရေး မင်းသမီး Stormy Daniels ကို ထရမ့်ရဲ့ ရှေ့နေဖြစ်သူက ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာတင် နှုတ်ပိတ်ခအဖြစ် ဒေါ်လာ (၁၃၀,၀၀၀)ပေးခဲ့တာနဲ့ ဆက်နွယ်ပြီး တရားစွဲခံရတာဖြစ်ကြောင်း AP သတင်းဌာန အယ်ဒီတာတဦးဖြစ်တဲ့ Mike Balsamo က သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတဟောင်းထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး အာဏာဆက်ယူနိုင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဖယ်ဒရယ်အစိုးရ တရားရေးဌာန အထူးစုံစမ်းသူနဲ့ Georgia ပြည်နယ် တရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရင်ဆိုင်နေရတာပါ။

တရားရေးဌာန အထူးစုံစမ်းရေးမှူး Jack Smith ဟာ ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုမှာ သမ္မတ Trump ဘယ်လို ပတ်သက်သလဲဆိုတာနဲ့ သမ္မတဟောင်း Trump ဟာ ရာထူးက ဆင်းပြီးနောက် အိမ်ဖြူတော် လျှို့ဝှက်မှတ်တမ်းတွေကို ဥပဒေအတိုင်း လွှဲပြောင်းပေးရမယ့်အစား ဖလော်ရီဒါ စံအိမ်မှာ သိမ်းဆည်းထားတဲ့ အမှုတွေကိုလည်း စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတဟောင်း Trump ကို ရာဇဝတ်မှုနဲ့ တရားစွဲဆို

=== {{ UNICODE }} ===

သမ်မတဟောငျး Trump ကို ရာဇဝတျမှုနဲ့ တရားစှဲဆို




SEE ALSO: ၂၀၂၁ ကန်လွှတ်တော်စီးနင်းမှု ဒေါ်နယ်ထရမ့် သမိုင်းတရားခံ ဖြစ်မယ် (မိုက်ပန့်စ်-ဒုသမ္မတဟောင်း)
