အစ္စရေးပဋိပက္ခအတွင်း သတင်းသမားတွေလုံခြုံရေး
အစ္စရေး-ဟားမတ်စ် ပဋိပက္ခ ပထမပတ်အတွင်း ရိုက်တာသတင်းထောက်အပါအဝင် အနည်းဆုံး သတင်းထောက် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြား သတင်းသမားတွေ ဘေးကင်းရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ရိုက်တာ ဗွီဒီယို သတင်းထောက်တွေ၊ သတင်းခန်းတာဝန်ရှိသူတွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင်သူတွေပူးပေါင်းပြီးဆွေးနွေးကြတဲ့ အကြောင်း VOA သတင်းထောက် Cristina Caicedo Smitရဲ့ သတင်းလွှာကို မမြသဇင်အောင် ပြောပြပေးပါမယ်။