အွန်လိုင်းရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေကို မြန်မာစစ်တပ်ကယ်ထုတ်ခဲ့လို့ MNDAA စွပ်စွဲ

Your browser doesn’t support HTML5

‘ကျားဖြန့်’လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူတွေကို  မြန်မာစစ်ကောင်စီဘက်က တရုတ်ဘက်ကို ထောင်သောင်းချီ လွှဲပြောင်းပေးခဲ့ပေမယ့် အဲဒီမှာ အရေးပါသူတွေ မပါဘူးလို့ MNDAA ကိုးကန့်တပ်ပြောခွင့်ရက အေပီသတင်းကို ပြောပါတယ်။