ရုရှား အာကာသ လက်နက်နဲ့ အမေရိကန် လုံခြုံရေး

Your browser doesn’t support HTML5

ရုရှားနိုင်ငံဟာ အာကာသထဲက ဆက်သွယ်ရေးဂြိုလ်တုတွေကို ဖျက်ဆီး တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုလိုက်တာကြောင့် အမေရိကန်ရဲ့  အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီဆိုပြီး အမေရိကန် လွှတ်တော်အမတ်တွေ စိုးရိမ်တကြီးသတိပေးခဲ့ကြပါတယ်။

ရုရှား အာကာသ လက်နက်နဲ့ အမေရိကန် လုံခြုံရေး

ရုရှားနိုင်ငံဟာ အာကာသထဲက ဆက်သွယ်ရေးဂြိုလ်တုတွေကို ဖျက်ဆီး တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က မနေ့က ကြာသပတေးနေ့ အတည်ပြု ပြောဆိုလိုက်တာကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီဆိုပြီး အမေရိကန် လွှတ်တော်အမတ်တွေ စိုးရိမ်တကြီး သတိပေးခဲ့ကြပါတယ်။ ရုရှားနိုင်ငံဟာ အာကာသထဲမှာ အစုလိုက် ဖျက်ဆီးပစ်နိုင်တဲ့ အင်အားကြီး လက်နက်တွေ တားမြစ်တဲ့ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်တာ ဖြစ်နိုင်တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောဆိုပြီး မနေ့က လွှတ်တော်အမတ်တွေ တံခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။ တချိန်တည်းမှာ အမေရိကန်ပြည်သူတွေအနေနဲ့ စိုးရိမ်တကြီး ထိတ်လန့်တာမျိုးတွေ မဖြစ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Anita Powell ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။