ပါတီတွင်း သမ္မတလောင်းရွေးပွဲနဲ့ နိုင်ငံရေးထိုးနှက်မှုများ

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတရွေးကောက်ပွဲ ထပ်မံ ကျင်းပဖို့ ရှိတဲ့အတွက် မဲဆန္ဒရှင်တွေ ထပ်ပြီး မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန် သမ္မတ Joe Biden နဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကပါတီက Donald trump တို့လည်း မဲရလဒ် အပြောင်းအလဲ ဖြစ်နိုင်ခြေ များတဲ့ Georgia ပြည်နယ်ကို သွားပြီး အပြိုင် စည်းရုံးနေပါတယ်။

ပါတီတွင်း သမ္မတလောင်းရွေးပွဲနဲ့ နိုင်ငံရေးထိုးနှက်မှုများ

အင်္ဂါနေ့ မှာ အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတရွေးကောက်ပွဲ ထပ်မံ ကျင်းပဖို့ ရှိတဲ့အတွက် မဲဆန္ဒရှင်တွေ ထပ်ပြီး မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန် သမ္မတ Joe Biden နဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကပါတီက Donald trump တို့လည်း မဲရလဒ် အပြောင်းအလဲ ဖြစ်နိုင်ခြေ များတဲ့ Georgia ပြည်နယ်ကို သွားပြီး အပြိုင် စည်းရုံးနေပါတယ်။ Biden ရော Trump နှစ်ယောက်စလုံး ပါတီကိုယ်စားပြု သမ္မတတွေအဖြစ် တရားဝင် ရွေးချယ်ခံရဖို့ နီးလာချိန်မှာ အကြောင်းအရာတွေ တော်တော်များများကို အချေအတင် စတင်ငြင်းခုံနေကြပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias က သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။