သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတွင်းရွေးကောက်ပွဲတွေမှာ သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ထပ်အနိုင်ရ


သမ္မတ Biden နဲ့ သမ္မတဟောင်း Trump
သမ္မတ Biden နဲ့ သမ္မတဟောင်း Trump

အမေရိကန်သမ္မတ Joe Biden ဟာ အင်္ဂါနေ့ည ပါတီတွင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ရရှိထားသလို၊ သမ္မတဟောင်း Donald Trump ဟာလည်း လိုအပ်တဲ့ ကိုယ်စားလှယ်မဲတွေ ထပ်မံရရှိလိုက်တာကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို တကျော့ပြန် ယှဉ်ပြိုင်ကြရဖို့ ရှိနေပါတယ်။

Georgia, Mississippi နဲ့ Washington ပြည်နယ်တွေက အင်္ဂါနေ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ အသီးသီး အနိုင်ရလိုက်တာကြောင့် သက်ဆိုင်ရာ ပါတီတွေရဲ့ သမ္မတလောင်းအဖြစ် လိုအပ်တဲ့ ထောက်ခံမဲတွေ ရရှိခဲ့ကြတာပါ။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရာမှာ သမ္မတဘိုင်ဒင်ဟာ မဆိုသလောက် အတိုက်အခံတွေနဲ့သာ ရင်ဆိုင်နေရတာပါ။ သမ္မတဟောင်း ထရမ့်ကတော့ နောက်ဆုံးပြိုင်ဖက်ဖြစ်ခဲ့တဲ့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်း Nikki Haley သမ္မတလောင်း ရွေးပွဲက နုတ်ထွက်သွားပြီးနောက် ပြိုင်ဖက်မရှိ တဦးတည်းသာ ကျန်တော့တာပါ။

သမ္မတ ဘိုင်ဒင်နဲ့ သမ္မတဟောင်း ထရမ့် တို့ ၂ ဦးစလုံးကတော့ သက်ဆိုင်ရာ ပါတီတွေရဲ့ သမ္မတလောင်းတွေအဖြစ် တရားဝင် ရွေးချယ်မှုတွေ မပြီးသေးခင် လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေကို စတင်နေတာ ဖြစ်ပါတယ်။

ပါတီတွင်းရွေးကောက်ပွဲတွေမှာ သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ထပ်အနိုင်ရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG