ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲတွေစတော့မည်

Your browser doesn’t support HTML5

ဘောလုံးပွဲ အားပေးသူတွေအကြား လက်နက်ကိုင်ဆောင်တိုက်ခိုက်မှုတွေ၊ ကြိုတင်စီစဉ်ပြီး အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားမှုတွေ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ဒဏ်ရာရတာတွေ တိုးလာနေတဲ့အတွက် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စီစဉ် ဆောင်ရွက်နေတာပါ။

ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ တလလုံးလုံး ဂျာမနီနိုင်ငံမှာ ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲတွေ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် လုံခြုံရေးကို အထူးတင်းကျပ်ထားပါတယ်။ ဘောလုံးပွဲ အားပေးသူတွေအကြား လက်နက်ကိုင်ဆောင်တိုက်ခိုက်မှုတွေ၊ ကြိုတင်စီစဉ်ပြီး အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွားမှုတွေ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ဒဏ်ရာရတာတွေ တိုးလာနေတဲ့အတွက် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် စီစဉ် ဆောင်ရွက်နေတာပါ။ နယ်သာလန်နိုင်ငံ The Hague မြို့ အနောက်တောင်ပိုင်းမှာတော့ နယ်သာလန် အသင်းကို အားပေးတဲ့အနေနဲ့ မြို့ထဲက အိမ်တချို့ လိမ္မောရောင်တွေ ပြောင်းချယ်နေကြသလို၊ လမ်းတလျှောက်လုံး လိမ္မော်ရောင် အလံတွေ လွှင့်နေကြပါတယ်။ လာမယ့် သောကြာနေ့ ဂျာမနီအသင်းနဲ့ စကော့တလန် အသင်းတို့ အဖွင့်ပွဲယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး နယ်သာလန် နိုင်ငံ အသင်းကတော့ တနင်္ဂနွေနေ့ မှာ ပိုလန်နိုင်ငံ အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။