လုံခြုံရာကင်းမဲ့နေတဲ့ ဂါဇာဒုက္ခသည်များ

Your browser doesn’t support HTML5

လက်ရှိကမ္ဘာပေါ်မှာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ကြရတဲ့ လူဦးရေ အရေအတွက်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တာကာလထက်ကို ၂ ဆတိုး ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ ဒါပေမယ့် ဂါဇာက စစ်ဘေးဒုက္ခသည်တွေအတွက်ကတော့ သူတို့တွေအနေနဲ့ စစ်ပွဲနဲ့ဝေးရာကို ဘယ်လောက်ပြေးပြေး လုံခြုံတဲ့နေရာကို ရှာမတွေ့ဘူးလို့ ဆိုပါတယ်။