စကားစစ်ထိုးပွဲနဲ့ သမ္မတရွေးကောက်ပွဲအပေါ် သက်ရောက်မှု

Your browser doesn’t support HTML5

ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ဌာနချုပ်မှာ မနေ့ညက ကျင်းပတဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ သမ္မတ Joe Biden က အမေရိကန်ပြည်ထောင်စုရဲ့ နောင်တာဝန်ယူမယ့် သမ္မတ ဘာကြောင့် သူ ဆက်ဖြစ်သင့်တယ်ဆိုတာကို အဓိက အခိုင်အမာ ပြောဆိုသွားသလို သမ္မတဟောင်း Donald Trump ကလည်း သူဘာကြောင့် သမ္မတ ဖြစ်သင့်တယ်ဆိုတာကို ပြောဆိုသွားခဲ့တာပါ။ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေကို စကားစစ်ထိုးပွဲကို အဓိက လွှမ်းမိုးခဲ့ပါတယ်။