သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ရွေးကောက်ပွဲဝင်မယ်လို့ ကန်သမ္မတ Biden အခိုင်အမာထပ်မံပြောဆို 


 သမ္မတဂျိုးဘိုင်ဒန်က ဖီလ်ဒယ်လ်ဖီးယားမှာရှိတဲ့ Mt.Airy Charch of God in Christ ဘုရားကျောင်းကို တက်ရောက်စဥ်။ (ဇူလိုင် ၇၊ ၂၀၂၄).
သမ္မတဂျိုးဘိုင်ဒန်က ဖီလ်ဒယ်လ်ဖီးယားမှာရှိတဲ့ Mt.Airy Charch of God in Christ ဘုရားကျောင်းကို တက်ရောက်စဥ်။ (ဇူလိုင် ၇၊ ၂၀၂၄).

လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံဖို့ အခိုင်အမာဆုံးဖြတ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီမိုကရက်လွှတ်တော်အမတ်တွေကို တနင်္လာနေ့မှာ စာရေးသားပေးပို့ခဲ့ပါတယ်။​ သမ္မတဟောင်း Donald Trump နဲ့လတ်တလောစကားစစ်ထိုးပွဲမှာ ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘေးထွက်ထိုင်ပေးဖို့ဆိုပြီး ပြောဆိုနေတာတွေရပ်ပစ်ဖို့ အချိန်တန်ပြီလို့လည်း ပြောပါတယ်။

အသက် ၈၁ နှစ်အရွယ်သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ ရပ်နားလိုက်ဖို့ လူသိရှင်ကြားပြောဆိုနေကြတဲ့ အောက်လွှတ်တော်ဒီမိုကရက်အမတ်တွေလည်း တိုးလာနေပါတယ်။ လူသိရှင်ကြားမဟုတ်ဘဲ အလားတူအမြင်သဘောထားမျိုးပြောဆိုနေကြတာလည်း အတော်များများရှိနေပါတယ်။ ဂျွန် ၂၇ ရက်နေ့ကကျင်းပတဲ့ ထရမ့်နဲ့စကားစစ်ထိုးပွဲမှာတော့ ရုပ်ရောအသံပါ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ သမ္မတဘိုင်ဒန်က သူ့အတွေးထဲနစ်မြောသွားတာကို အကြိမ်ကြိမ်တွေ့မြင်ခဲ့ရတာပါ။

သမ္မတဘိုင်ဒန်ကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ရွေးကာက်ပွဲကနေ သူ့ကို မောင်းထုတ်နိုင်မယ်လို့ ပြောပါတယ်။ သတင်းဌာနတွေမှာ ထင်ကြေးပေးပြောဆိုနေတာတွေရှိနေပေမယ့် Donald Trump ကိုအနိုင်ရဖို့ ဒီရွေးကောက်ပွဲကို အဆုံးထိ ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ဒီမိုကရက်လွှတ်တော်အမတ်တွေကိုပေးပို့တဲ့စာထဲမှာ သမ္မတဘိုင်ဒန်ကပြောထားပါတယ်။ ပါတီရဲ့တခုတည်းသောအလုပ်က ထရမ့်ကိုအနိုင်ရဖို့ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၂၄ ရွေးကောက်ပွဲဝင်မယ်လို့ ကန်သမ္မတ Biden အခိုင်အမာထပ်မံပြောဆို
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG