Nevada ပြည်နယ်မှာ သမ္မတ Biden မဲဆွယ် စည်းရုံး

Your browser doesn’t support HTML5

ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။

Nevada ပြည်နယ်မှာ သမ္မတဘိုင်ဒန် မဲဆွယ်

ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။

ရီပတ်ဘလစ်ကန် ပါတီဘက်က သမ္မတလောင်း Donald Trump လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး သမ္မတ Biden ပထမဆုံး ကျင်းပတဲ့ မဲဆွယ်စည်းရုံးပွဲ ဖြစ်ပါတယ်။ သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ တိုက်ခိုက်မှုဟာ လူမျိုးရေးနဲ့ ဆက်နွယ်တဲ့ သေနတ်ကိုင် အကြမ်းဖက်မှုလို့ Joe Biden က ဆက်နွယ်ပြောဆိုပါတယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆန့်ကျင်ရှုတ်ချဖို့လည်း မေတ္တာရပ်ခံပါတယ်။

အတွဲလိုက်ပစ်လို့ရတဲ့ တိုက်ခိုက်ရေး လက်နက်၊ သေနတ် ကိုင်ဆောင်ခွင့် ပိတ်ပင်ရေး တောင်းဆိုသွားတဲ့တချိန်တည်းမှာ လူမဲ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရဖို့လည်း သမ္မတ ဘိုင်ဒန် အဓိက စည်းရုံး ပြောဆိုသွားပါတယ်။ သမ္မတ ဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲအကြောင်း VOA အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြပါလိမ့်မယ်။