သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 သမ္မတဘိုင်ဒန် ကိုဗစ်ကူးစက်နေ


Delaware ပြည်နယ် Dover လေတပ်စခန်း လေယာဉ်ပေါ်ကအဆင်း လက်ပြနှုတ်ဆက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဇူလိုင် ၁၇၊ ၂၀၂၄)
Delaware ပြည်နယ် Dover လေတပ်စခန်း လေယာဉ်ပေါ်ကအဆင်း လက်ပြနှုတ်ဆက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဇူလိုင် ၁၇၊ ၂၀၂၄)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ကိုဗစ်ရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့တုန်းက စစ်ဆေးတွေ့ရှိပြီးနောက် သူနေထိုင်ရတာ ကောင်းပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မနေ့ညနေအစောပိုင်းတုန်းက သမ္မတဘိုင်ဒန်မှာ ကိုဗစ်ရှိကြောင်း အိမ်ဖြူတော်က ကြေညာပြီးတဲ့နောက် လက်တင်နွယ်ဖွား မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားတဲ့ Las Vegas မြို့က ပွဲမှာ မိန့်ခွန်းပြောမယ့်ကိစ္စကို ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။

Delaware ပြည်နယ်ကို Air Force One သမ္မတလေယာဉ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်ချိန်မှာ သမ္မတဘိုင်ဒန်က လက်မထောင်ပြီး သူနေလို့ ကောင်းကြောင်း သတင်းထောက်တွေကို လှမ်းပြောခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် သမ္မတဘိုင်ဒန်မှာ ကိုဗစ်ရှိပေမယ့် ရောဂါလက္ခဏာအပျော့စားပဲ တွေ့ရကြောင်း၊ သူက ကာကွယ်ဆေးရော booster အားဖြည့်ဆေးပါထိုးထားကြောင်းနဲ့ သီးခြားခွဲနေဖို့ Delaware ပြည်နယ် Rehoboth မြို့က သူ့နေအိမ်ကို ပြန်သွားတာမှာ ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အ‌ခြေအနေကို အိမ်ဖြူတော်က ပုံမှန်ထုတ်ပြန်မှာ ဖြစ်ပြီး သမ္မတဘိုင်ဒန် သီးခြားခွဲနေချိန်တွင်း သူ့ရဲ့ တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

 သမ္မတဘိုင်ဒန် ကိုဗစ်ကူးစက်နေ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG