သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RNC တတိယနေ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အလေးထားဆွေးနွေး


RNC တတိယမြောက်ညီလာခံတက်ရောက်နေတဲ့ ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒုတိယသမ္မတလောင်း ဂျေဒီဗန့်စ် (ဇူလိုင် ၁၇၊ ၂၀၂၄)
RNC တတိယမြောက်ညီလာခံတက်ရောက်နေတဲ့ ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒုတိယသမ္မတလောင်း ဂျေဒီဗန့်စ် (ဇူလိုင် ၁၇၊ ၂၀၂၄)

ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့် နဲ့ ဒုတိယသမ္မတလောင်း အိုဟိုင်းယိုး အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်တို့ ဦးဆောင်နေတဲ့ အမေရိကန်ရီပတ်ဘလီကန်ပါတီညီလာခံ တတိယနေ့မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတို့ကို အဓိကထား ပြောကြဖို့ရှိပါတယ်။

ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကိုင်တွယ်နေပုံကို ရီပတ်ဘလီကန်တွေက အမေရိကန်အချိန် ဗုဒ္ဓဟူးနေ့ညနေစောင်း၊ မြန်မာအချိန် ကြာသပတေးမနက်ခင်းမှာ သုံးသပ်ကြဖို့ရှိတယ်လို့ အေပီသတင်းဌာနရင်းမြစ်တွေက ပြောပါတယ်။ တကယ်လို့ ထရမ့်သာ သမ္မတရွေးကောက်ပွဲမှာ အရွေးခံရရင် ဖြစ်လာမယ့် နိုင်ငံခြားရေးမူဝါဒတွေကို ယခင် ထရမ့်အစိုးရတာဝန်ရှိခဲ့သူတွေက ခင်းပြကြလိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဂျေဒီဗန့်စ်ဟာလည်း ဒုတိယသမ္မတလောင်းအဖြစ် ပထမဆုံးမိန့်ခွန်းကို တနိုင်ငံလုံးကို ပြောမှာပါ။ AP-NORC ပြည်သူ့ရေးရာ သုတေသနအဖွဲ့တို့ ပူးတွဲကောက်ယူတဲ့ လူထုအမြင်စစ်တမ်းအရ ရီပတ်ဘလီကန် ၆၁ ရာနှုန်းက ဂျေဒီဗန့်စ်ကို ကောင်းကောင်း မသိကြပါဘူး။ ဩဂုတ်လ ၁၃ ရက်မှာ ဂျေဒီဗန့်စ်နဲ့ စကားစစ်ထိုးဖို့ လက်ရှိ ဒီမိုကရက်ဒုတိယသမ္မတ ကင်မလာဟဲရစ္စက လက်ခံလိုက်တယ်လို့ ဘိုင်ဒန်-ဟဲရစ္စ မဲဆွယ်စည်းရုံးရေးအဖွဲ့က အမည်မဖော်လိုသူတဦးက အေပီသတင်းကို ပြောပါတယ်။ ဒီ စကားစစ်ထိုးပွဲကို အမေရိကန် စီဘီအက်စ် ရုပ်မြင်သံကြားက ကျင်းပမှာပါ။

RNC တတိယနေ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒ အလေးထားဆွေးနွေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG