သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RNC ညီလာခံတွင်း သမ္မတလောင်း Trump အတွက် လုံခြုံရေးတိုးမြှင့်

ရီပတ်ဘလီကန်သမ္မတလောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် တတိယမြောက်နေ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတက်ရောက်လာစဥ်။ (ဇူလိုင် ၁၇၊ ၂၀၂၄)
ရီပတ်ဘလီကန်သမ္မတလောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် တတိယမြောက်နေ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတက်ရောက်လာစဥ်။ (ဇူလိုင် ၁၇၊ ၂၀၂၄)

အမေရိကန်ရီပတ်ဘလီကန် ပါတီညီလာခံမှာ ထရမ့်ရဲ့လုံခြုံရေးကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေက ပိုပြီး မြှင့်တင်ပေးနေတာကို အင်္ဂါနေ့ည ညီလာခံမှာ တွေ့ရပါတယ်။

လက်ဆွဲနှုတ်ဆက်တာ၊ အနီးကပ်နှုတ်ဆက်တာတွေမလုပ်နိုင်အောင် လုံခြုံရေးတာဝန်ရှိသူတွေက ထရမ့်ကိုဝန်းရံထားကြပါတယ်။ တနင်္လာနေ့မနက်တုန်းကလည်း ညီလာခံ လုံခြုံရေးနယ်နိမိတ်အတွင်း လမ်းလျှောက်ဝင်လာသူ တစ်ယောက်ဆီက AK 47 အမျိုးအစား ပစ္စတိုသေနတ်တလက်ကို ကျောပိုးအိတ်ထဲက တွေ့ရှိလို့ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလိုလုံခြုံရေး တိုးမြှင့်သလိုပဲ ထရမ့်အပေါ်လုပ်ကြံဖို့ကြိုးစားခဲ့တဲ့နေ့က လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေက ကိုင်တွယ်ခဲ့ပုံအပေါ် စစ်ဆေးမယ်လို့ အမိမြေလုံခြုံရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်တော့ စုံစမ်းစစ်ဆေးရေး စမယ်ဆိုတာကိုတော့ မပြောပါဘူး။

လုပ်ကြံသူလို့ စွပ်စွဲခံရသူ Thomas Matthew Crooks ရဲ့အကြောင်း ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က စုံစမ်းနေတာ ၃ ရက်ကြာပြီးတဲ့နောက် သူဟာ ဉာဏ်ရည် ဉာဏ်သွေးရှိတဲ့ လူငယ်တယောက်ဖြစ်ပေမဲ့ အပေါင်းအသင်း နည်းသူဖြစ်ကြောင်းနဲ့ လူမှုမီဒီယာ၊ သူ့ ဖုန်း၊ သူ့ကွန်ပျူတာတွေ ကို စစ်ဆေးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ကို မေးမြန်းခဲ့ပေမဲ့ ဘာကြောင့် ဒီလို ထရမ့်ကို လုပ်ကြံရတယ်ဆိုတာ FBI က မပြောနိုင်သေးဘူး လို့ ဆိုပါတယ်။ သူက တော်ပေမဲ့ အေးစက်စက်နိုင်ပြီး နားကြပ်တပ်ထားတတ်တာ၊ နေ့လည်စာ စားရင်လည်း ဖုန်းကြည့်ပြီး တယောက်တည်းသာစားနေလေ့ရှိတာ တွေ့ရတယ်လို့ အထက်တန်းကျောင်း ကျောင်းနေဘက်တွေက ပြောကြပါတယ်။

RNC ညီလာခံတွင်း သမ္မတလောင်း Trump အတွက် လုံခြုံရေးတိုးမြှင့်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG