သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"သမ္မတဘိုင်ဒင် ရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်မည်" - အိမ်ဖြူတော်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (ဇူလိုင် ၃၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန် (ဇူလိုင် ၃၊ ၂၀၂၄)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဆက်ပြီးအရွေးခံသွားမှာဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ သမ္မတဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ အခြေမလှဖြစ်ခဲ့ပြီးတဲ့နောက် သူ့ကို လာမယ့်ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဆက်အရွေးမခံဘဲ ဖယ်ပေးဖို့ သဘောထားတွေ တိုးလာနေချိန်မှာပဲ သမ္မတဘိုင်ဒန်က အခုလိုပြောလိုက်တာပါ။ “ကျနော်အနေနဲ့ ဆက်ပြီး အရွေးခံသွားမှာပါ။ ကျနော်က ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဘယ်သူကမှ ကျနော်ကို ရွေးကောက်ပွဲ မဝင်ဖို့ လုပ်တာမရှိဘူး" လို့ သမ္မတဘိုင်ဒန်က သူရဲ့ဝန်ထမ်းတွေကို ပြောခဲ့တယ်လို့ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် သမ္မတဘိုင်ဒန် နဲ့ ဒု-သမ္မတ ကမ်မလာဟဲရစ်စ် (Kamala Harris) တို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါတီရဲ့ သမ္မတလောင်းအဖြစ်နဲ့ ဆက်ရှိနေနိုင်ဖို့ ဒီမိုကရက်တစ်ပါတီက ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၃ ယောက်ထဲက တချို့နဲ့ မနေ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သမ္မတဘိုင်ဒန်ကလည်း ပထမတကြိမ် စကားစစ်ထိုးပွဲမှာ အခြေမလှဖြစ်ခဲ့တာကို ပြန်အဖတ်ဆယ်ဖို့ လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အသက်၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်အနေနဲ့ လာမယ့်ရွေးကောက်ပွဲဝင်ဖို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အတော်များများက မေးခွန်းထုတ်လာနေချိန်မှာပဲ၊ သမ္မတဘိုင်ဒန်က သူ့အနေနဲ့ ဆက်အရွေးခံသွားမယ်လို့ ပြောကြားလိုက်တာဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မင်နီဆိုးတား (Minnesota) ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Waltz ကတော့ ပထမအကြိမ်စကားစစ်ထိုးပွဲမှာ ဘိုင်ဒန် အခြေမလှခဲ့ပေမယ့် သမ္မတအဖြစ်အရွေးခံဖို့ထိုက်တန်သူဖြစ်တယ်လို့ ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG