သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် အပေါ် တရားရုံးချုပ်ဆုံးဖြတ်ချက် သမ္မတဘိုင်ဒင် ဝေဖန်


နယူးယောက်မြို့မှာတွေ့ရတဲ့ သမ္မတဟောင်း ထရမ့် (ဧပြီ ၁၆၊ ၂၀၂၄)
နယူးယောက်မြို့မှာတွေ့ရတဲ့ သမ္မတဟောင်း ထရမ့် (ဧပြီ ၁၆၊ ၂၀၂၄)

၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကို ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတဟောင်း Donald Trump အနေနဲ့ သမ္မတတာဝန်ယူချိန်က တရားဝင် လုပ်ရပ်တွေအတွက် တရားစွဲဆိုမှုတွေက ကင်းလွတ်ခွင့် ရှိတဲ့အကြောင်း အမေရိကန် တရားရုံးချုပ်က မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

တရားဝင်မဟုတ်တဲ့ လုပ်ရပ်တွေဆိုရင်တော့ တရားစွဲဆိုတာက ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘဲ၊ တရားဝင် ဟုတ်မဟုတ်ဆိုတာကို အောက်တရားရုံးတွေက ဆုံးဖြတ်ရဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။ သမ္မတ Joe Biden ကတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ တယောက်ကို ဥပဒေချိုးဖေါက်ခွင့် ပေးရာရောက်နေတဲ့အတွက် နောင်မှာ အန္တရာယ်ကြီးတဲ့ အစဉ်အလာတခုလို ဖြစ်သွားနိုင်တယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။

"ဒီတိုင်းပြည်ကို တည်ထောင်ထားတဲ့ အခြေခံမူက အမေရိကန်ပြည်ထောင်စုမှာ ဘုရင်ဆိုတာ မရှိဘူးဆိုတဲ့ မူပါ။ လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ အားလုံး တန်းတူပါပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ အမေရိကန် သမ္မတလည်း အတူတူပါပဲ" လို့ သမ္မတ Joe Biden ပြောဆိုသွားတာပါ။

တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်ခြေရှိတဲ့ Trump ရဲ့အမှုတွေကို လာမယ့် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမတိုင်ခင် ကြားနာစစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ Trump ကို ထောက်ခံသူတွေ လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုမှာ Donald Trump ရဲ့ ပါဝင်ပတ်သက်မှု ရာဇဝတ်မှုအရ တရားစွဲဆိုထားတဲ့ အမှုအတိုင်းအတာကို တရားရုံးချုပ် ဆုံးဖြတ်ချက်က ကန့်သတ်လိုက်သလို ဖြစ်ပွားပါတယ်။ လွှတ်တော် စီးနင်းခံခဲ့ရမှုမှာ Trump ရဲ့ ပါဝင်ပတ်သက်မှုကို အများပြည်သူ သိရှိခွင့်၊ သိပိုင်ခွင့် ရှိတယ်လို့လည်း သမ္မတ Joe Biden က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG