အမေရိကန်ရွေးကောက်ပွဲနဲ့ လဝကကိစ္စ

Your browser doesn’t support HTML5

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စဟာ အရေးပါဆုံး ထိပ်တန်း ကိစ္စရပ်တွေထဲက တခု ဖြစ်ပါတယ်။ ဒုသမ္မတ Kamala Harris က သူ အစိုးရရှေ့နေ ဘဝကစလို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ထောက်ပြ မဲဆွယ်နေချိန်မှာ သမ္မတဟောင်း Donald Trump ကတော့ လက်ရှိ ဒီမိုကရက်တစ် အစိုးရ လက်ထက်မှာ နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူဦးရေ စံချိန်တင် အများဆုံး ဖြစ်လာတယ်လို့ ဝေဖန်ပြီး သူ့လက်ထက် ကျရင်တော့ ဒီလို အထောက်အထားမဲ့ ဝင်ရောက်လာသူတွေ အမြောက်အများကို နေရပ် ပြန်ပို့မယ်လို့ ကတိပြု ပြောဆိုနေပါတယ်။ ဗွီအိုအေ သတင်းထောက် Aline Barros ပေးပို့တဲ့ သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။