သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီညီလာခံပထမနေ့ သမ္မတဘိုင်ဒန်မိန့်ခွန်းပြောမည်


လက်ရှိသမ္မတဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီညီလာခံကျင်းပမယ့် ရှီကာဂိုမြင်ကွင်း။ (သြဂုတ် ၁၉၊ ၂၀၂၄)
လက်ရှိသမ္မတဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီညီလာခံကျင်းပမယ့် ရှီကာဂိုမြင်ကွင်း။ (သြဂုတ် ၁၉၊ ၂၀၂၄)

အမေရိကန် ပြည်ထောင်စု Chicago မြို့မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံပထမဆုံးနေ့မှာတော့သာမန်လူတန်းစား တွေဆီကရော အစိုးရအရာရှိတွေအပြင် သမ္မတဂျိုးဘိုင်ဒန်တို့ကပါ မိန့်ခွန်းပြောကြားမယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။

သမ္မတဘိုင်ဒန်အတွက် ကတော့ သူ့ထမ်းဆောင်ခဲ့တဲ့ သမ္မတရာထူးကို ဂုဏ်ပြုကျင်းပတဲ့ နေ့လည်းဖြစ်ပါတယ်။

ပါတီညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားမယ့်သူတွေထဲမှာ Unites Auto Workers အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ Shawn Fain၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton၊ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတချို့လည်း ပါဝင်ပါတယ်။

အစီအစဉ်အများစုကတော့ သမ္မတ ဘိုင်ဒန်ရဲ့ အောင်မြင်မှုမှတ်တမ်းတွေကို အာရုံစိုက် ဂုဏ်ပြုပြောဆိုကြမှာဖြစ်ပြီး နောင်မျိုးဆက်တွေအထိ သက်ရောက်မှုရှိစေမယ့် ဒီမိုကရက်တို့ စိတ်ကူးယဥ်မျှော်လင့်ခဲ့ကြတဲ့ မူဝါဒတွေအပါအဝင်အထင်ကရ ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်ခဲ့တဲ့အချက်တွေလည်း ထည့်သွင်းပြောဆိုကြမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဥတုရာသီပြောင်းလဲမှု၊ လူတန်းစားမညီမျှမှု၊ မျိုးပွါးမှုအခွင့်အရေးနဲ့ ဂါဇာစစ်ပွဲ စတဲ့အကြောင်းအရာတွေအပေါ် အာရုံစိုက်မှုရလာအောင်ဆန္ဒပြမယ့်သူတွေ ညီလာခံကျင်းပရာနေရာရှေ့မှာ လူတွေစုရုံးရောက်ရှိလာကြပါတယ်။ Chicago တာဝန်ရှိသူတွေက လည်း ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ညီလာခံကျင်းပတဲ့ သီတင်းတပတ်လုံး ဆန္ဒပြပွဲတွေအနီးမှာ ရဲတပ်ဖွဲ့ကိုနေရာချထားမယ်လို့လည်း ရဲအာဏာပိုင်တို့က ပြောပါတယ်။

ဒီမိုကရက်ပါတီညီလာခံပထမနေ့ သမ္မတဘိုင်ဒန်မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG