သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီညီလာခံ တနင်္လာနေ့ည စတင်ဖွင့်လှစ်


 ချီကာဂိုမှာ DNC ဒီမိုကရက်တစ်ပါတီညီလာခံကျင်းပမယ့် ပြင်ဆင်မှုမြင်ကွင်း။
ချီကာဂိုမှာ DNC ဒီမိုကရက်တစ်ပါတီညီလာခံကျင်းပမယ့် ပြင်ဆင်မှုမြင်ကွင်း။

အမေရိကန်ပြည်ထောင်စု Chicago မြို့မှာ လေးရက်ကြာကျင်းပမယ့် ဒီမိုကရက်တစ်ပါတီညီလာခံကို အခု တနင်္လာနေ့ညပိုင်းမှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲ ပါတီရဲ့ သမ္မတလောင်းအဖြစ် ဒုသမ္မတ Kamala Harris ကိုတရားဝင် အတည်ပြု ကြေညာဖို့ ရှိပါတယ်။

အသက် ၈၁ နှစ်အရွယ် သမ္မတ Biden ဟာ သမ္မတဟောင်း Trump နဲ့ ပြီးခဲ့တဲ့ဇွန် သမ္မတကိုယ်စားလှယ်လောင်း စကားစစ်ထိုးပွဲမှာ အရေးမသာဖြစ်ခ့တာကြောင့် ပါတီကိုယ်စားလှယ်လောင်းအဖြစ်ကနုတ်ထွက်ဖို့ ဖိအားတွေရင်ဆိုင်ခဲ့ရပြီးသူ့အစား အသက် ၅၉ နှစ်အရွယ် ဒုသမ္မတ Kamala Harris ကို ပါတီသမ္မတလောင်းအဖြစ် အလျင်အမြန် ထောက်ခံပေးခဲ့ပါတယ်။ သူ့အနေနဲ့ ဒုသမ္မတ Harris ကို ဘာ‌ကြောင့် ရွေးခဲ့ရသလဲဆိုတာကို ပါတီကိုယ်စားလှယ် ၄,၀၀၀ ကိုတနင်္လာနေ့ညပိုင်း မိန့်ခွန်းပြောဖို့ရှိပြီး ဒါကို တိုင်းပြည်အဝန်းရုပ်သံတွေမှာလည်း ပြသဖို့ ရှိပါတယ်။

ဒုသမ္မတ Harris ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာတော့ သမ္မတအိုဘားမားပြီးရင် ဒုတိယမြောက် လူမည်းခေါင်းဆောင်လည်းဖြစ်၊ ပထမဦးဆုံး အိန္ဒိယနွယ်ခေါင်းဆောင်လည်းဖြစ်လာမှာပါ။ တနိုင်ငံလုံး စစ်တမ်းအတော်များများမှာတော့ အခုလာမယ့် ရွေးကောက်ပွဲရလဒ် အတွက် အခရာကျတဲ့ပြည်နယ်တွေမှာတော့ ဒုသမ္မတ Harris ဟာ ရီပတ်ပလင်ကန်ကိုယ်စားလှယ် Trump ရှေ့မှာ “တစ်” ပြေးနေပါတယ်။

ဒီမိုကရက်ပါတီညီလာခံ အင်္ဂါနေ့ကျရင်တော့ သမ္မတဟောင်း Obama မိန့်ခွန်းပြောဖို့ရှိသလို ဗုဒ္ဓဟူးနေ့ညမှာတော့သမ္မတဟောင်း Bill Clinton မိန့်ခွန်းပြောဆိုဖို့ရှိပါတယ်။ အဲဒီနောက် နောက်ဆုံးနေ့ ကြာသပတေးနေ့ညပိုင်းမှာတော့ပါတီကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်လက်ခံတဲ့ မိန့်ခွန်းတရပ် ဒုသမ္မတ Harris က ပြောဖို့ရှိပါတယ်။

Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့တွဲယှဉ်ပြိုင်မယ့် မင်နီဆိုတားပြည်နယ်အုပ်ချုပ်ရေးမှူး Tin Walz တို့ဟာပါတီကိုယ်စားလှယ်တွေအဖြစ် အခု လအစောပိုင်းကတည်းက ပါတီတွင်း လုံလောက်တဲ့မဲတွေ ရရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG