သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲမှာ အွန်လိုင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်နေကြောင်း Microsoft သတိပေး

ကြိုတင်မဲအတွက် မဲပုံးများပြင်ဆင်နေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)
ကြိုတင်မဲအတွက် မဲပုံးများပြင်ဆင်နေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)

နိုဝင်ဘာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်ဖို့ရည်ရွယ်တဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို အီရန်က တိုးမြှင့်လုပ်ဆောင်နေတယ်လို့ Microsoft နည်းပညာကုမ္ပဏီကြီးက ဒီနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

သမ္မတအောင်နိုင်ရေးစည်းရုံးရေးအဖွဲ့တခုဆီကို လိမ်ညာဖျားယောင်းတဲ့ Email ပေးပို့ခဲ့တာကို ဥပမာပေးပြီး Microsoft ကထောက်ပြပါတယ်။ အထူးသဖြင့် ဘယ်ပါတီကိုထောက်ခံမှုများတယ်လို့ တိတိကျကျ မပြောနိုင်သေးတဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့လတွေအတွင်း သတင်းဝက်ဘ်ဆိုဒ်အတုတွေ ဖန်တီး၊ နိုင်ငံရေးစည်းရုံးလှုပ်ရှားသူတွေအဖြစ် အွန်လိုင်းကနေ အယောင်ဆောင် လှုပ်ရှားပြီး အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် အီရန်က လုပ်နေတာတွေ့ရှိတယ်လို့ Microsoft ကုမ္ပဏီက ပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေကို အွန်လိုင်းကနေ နှောင့်ယှက်နိုင်ဖို့ အရင်ကလည်း ကြိုးစားခဲ့တဲ့ အီရန်နိုင်ငံဟာ အခုလာမယ့်ရွေးကောက်ပွဲမှာလည်း နည်းသစ်တွေသုံးပြီး နှောင့်ယှက်ဖို့ ကြိုးစားနေတာကို Microsoft နည်းပညာကုမ္ပဏီက ဒီနေ့ ထုတ်ပြန်တဲ့ ခြိမ်းခြောက်ရန် အသစ်တွေအကြောင်း အစီရင်ခံစာမှာ ဖော်ပြလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ အမြင်သဘောထားတွေ သိသိသာသာ ကွဲနေတာကို အသုံးချပြီး ပိုမိုစိတ်ဝမ်းကွဲစေတဲ့ သတင်းစကားတွေကို အီရန်နိုင်ငံအပြင် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း အွန်လိုင်းကနေ ဖြန့်ပြီး ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်းတွေကို အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တချိန်တည်းမှာပဲ သမ္မတရွေးကောက်ပွဲအတွက် ABC ရုပ်သံမှာ စက်တင်ဘာ ၁၀ ရက်ကျရင် သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကိုလုပ်ဖို့ ဒုသမ္မတ Kamala Harris နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump တို့ ကြာသပတေးနေ့က သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG