သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်တွေကို သမ္မတလောင်းတွေ စည်းရုံးရေးဆင်း

ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ်ရွေးချယ်ခံရတဲ့ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို မဲဆွယ်ပွဲတခုမှာတွေ့ရစဉ် (ဩဂုတ် ၆၊ ၂၀၂၄)
ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်းအဖြစ်ရွေးချယ်ခံရတဲ့ Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို မဲဆွယ်ပွဲတခုမှာတွေ့ရစဉ် (ဩဂုတ် ၆၊ ၂၀၂၄)

အမေရိကန်သမ္မတလောင်းတွေဟာ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်ခြေရှိတဲ့ ပြည်နယ်တွေကို အာရုံစိုက်ပြီး အခုသီတင်းပတ်အတွင်း မဲဆွယ် စည်းရုံးနေကြပါတယ်။

ဒုသမ္မတ Kamala Harris က သူနဲ့အတူ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို မနေ့က ရွေးချယ်ပြီးနောက် ဒီကနေ့ Wisconsin နဲ့ Michigan ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးမှာပါ။ ဒီသီတင်းပတ်အတွင်း တခြားရက်တွေမှာလည်း Arizona နဲ့ Nevada ပြည်နယ်တွေကို သွားရောက် မဲဆွယ်စည်းရုံးဖို့ ရှိနေပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း Illinois ပြည်နယ်၊ Chicago မြို့မှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီညီလာခံမှာ ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို တရားဝင်ကြေညာ အတည်ပြုမှာပါ။

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နဲ့အတူ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် J.D. Vance ဟာလည်း Wisconsin နဲ့ Michigan ပြည်နယ်တွေမှာ မဲဆွယ် စည်းရုံးဖို့ ရှိနေပါတယ်။ အခုသီတင်းပတ်နှောင်းပိုင်း မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မဲဆွယ်စည်းရုံးမယ့် အစီအစဉ်ကတော့ မုန်တိုင်းဝင်ဖို့ရှိတာကြောင့် ရက်ရွေ့ဆိုင်းလိုက်ရပါတယ်။

ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့ အုပ်ချုပ်ရေးမှူး Walz နဲ့အတူ Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ မဲဆွယ် စည်းရုံးပွဲကျင်းပခဲ့တဲ့ ဒုသမ္မတ Harris ကတော့ - သူမနဲ့အတူ တောက်ပတဲ့အနာဂတ်ကို ဖန်တီးမယ့်၊ တိုင်းပြည် စည်းလုံးညီညွတ်ပြီး ရှေ့ကို ဆက်လက် ချီတက်နိုင်အောင် လုပ်ဆောင်နိုင်မယ့် လုပ်ဖော်ကိုင်ဘက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ချီးမွမ်း ပြောကြားခဲ့ပါတယ်။

Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တိုးတက်တဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်နိုင်ခဲ့တဲ့ Walz ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ဒီမိုကရက်ပါတီတွင်းက လစ်ဘရယ်အတွေးအခေါ်ရှိသူတွေကလည်း ကြိုဆို ထောက်ခံကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG