သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ရွေးကောက်ပွဲ နှင့် Kamala Harris အလားအလာ


မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇူလိုင် ၂၄၊ ၂၀၂၄)
မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇူလိုင် ၂၄၊ ၂၀၂၄)

၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲကနေ သမ္မတ Joe Biden နှုတ်ထွက်တယ်လို့ ကြေညာလိုက်တဲ့အချိန်မှာပဲ ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ဒုတိယ သမ္မတ Kamala Harris ကို ထောက်ခံတယ်လို့ ပြောဆိုပါတယ်။ ဒုသမ္မတ Harris အနေနဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လို ရှိပါသလဲ။ တကယ်လို့ ဖြစ်လာခဲ့ရင် သူ့အနေနဲ့ ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကို အနိုင်ရနိုင်ခြေ ဘယ်လောက် ရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာ။ သမ္မတ Joe Biden က ဒုတိယ သမ္မတသက်တမ်းကို နှုတ်ထွက်လိုက်တယ်လို့ ကြေညာပါတယ်။ ပြီးခဲ့တဲံတပတ်ကပဲ သမ္မတဟောင်း Donald Trump ကို လုပ်ကြံတဲ့ဖြစ်ရပ်လည်း အမေရိကန်မှာ ရှိခဲ့ပါတယ်။ ဒီတော့ လက်ရှိ အမေရိကန် အခြေအနေကို ဘယ်လိုပြောကြမလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မမြသဇင်။ အခုက အမေရိကန်မှာ သိပ်အရေးကြီးတဲ့ သတင်းတွေက တခုပြီးတခု တက်နေတယ်။ အဲဒါနဲ့ သက်ဆိုင်တဲ့ ပထမဦးဆုံး ပြောချင်တာက ကျနော်တို့ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတဲ့သတင်း တက်လာတယ်။ ကျနော်က ပြောချင်တယ်။ ပထမတခါလည်း ပြောခဲ့တယ်။ ထရမ့် သေနတ်ပစ်ခံရတော့ ခေါင်းစဉ်ပြောင်းပြီးတော့ ချက်ချင်းပြောခဲ့ရတယ်။ အခုလည်း မြန်မာနိုင်ငံက အကြောင်းကို ပြောမယ်လို့လုပ်နေတုန်းမှာ သမ္မတဘိုင်ဒန်က ရွေးကောက်မခံတော့ဘူးလို့ ပြောလာတယ်။ တကယ်တော့ ဒီနေ့မနက် တနင်္လာနေ့ မနက်မှာပဲ မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာဆိုတာကိုကြားတော့ အဲဒါကို နောက်တပတ်မှ လုပ်တာပေါ့။ အခုတော့ အမေရိကန်နိုင်ငံရေး ဆက်လက်ဆွေးနွေးကြတာပေါ့။ ဆိုတော့ အမေရိကန်မှာ အရေးတကြီးဖြစ်ခဲ့တဲ့ ဒီသတင်းနှစ်ခုကို ကြည့်မယ်ဆိုရင် သမ္မတဘိုင်ဒန် ရွေးကောက်မခံတော့ဘူးဆိုတာက သိပ်အံ့အားသင့်စရာတော့ မဟုတ်ဘူး။ မျှော်လင့်ထားတဲ့ သတင်း။ သမ္မတထရမ့်နဲ့ စကားစစ်ထိုးပွဲ လုပ်ကတည်းက သူ့ရဲ့ Performance စွမ်းဆောင်မှုက အတော်လေး ညံ့ဖျင်းတယ်။ ရုတ်တရက် မတုံ့ပြန်နိုင်ဘူး။ ပြောချင်တဲ့စကားတွေကို သူ ဝေဝါးနေတယ်။

လူတွေက သမ္မတကြီးကို ဝေဖန်လာကြတယ် - “ခင်များ အသက်ကြီးပြီ၊ ဦးနှောက်က သိပ်မထက်မြက်တော့ဘူး။ မပြိုင်သင့်တော့ဘူး” ဆိုတဲ့ ဝေဖန်မှုတွေက အဲဒီကတည်းက ထွက်ပေါ်လာခဲ့တယ်။ နောက်ပြီးတော့ အဲဒီမတိုင်ခင်မှာပဲ နေတိုးထိပ်သီးအစည်းအဝေးမှာ မှားတာကလည်း ယူကရိန်းသမ္မတကို သမ္မတပူတင်ဆိုပြီးတော့ မှားပြီးတော့ ပြောလိုက်တာ လူတွေအတွက် ရယ်စရာ ဖြစ်ခဲ့တယ်။ ပြီးတော့ Trump နဲ့ Kamala နဲ့ မှားပြောတာတွေ ရှိတာတွေကြောင့်၊ အဲဒီမှာမှ အရေးကြီးဆုံးက နောက်ဆုံးမှာ သူက ကိုဗစ်လည်း ဖြစ်သေးတယ်ဆိုတော့ သူ့ခင်များမှာလည်း တော်တော်လေးကို ချူချာသွားတဲ့အချိန်မှာ နှုတ်ထွက်ဖို့ လူတွေရဲ့ ဖိအားကလည်း သိပ်များလာတယ်။ သူ ဆုံးဖြတ်ပြီးတာတောင် တမိနစ်အလိုမှာတောင် သူ့ရဲ့လက်ထောက်ကိုပြောပြီး တနင်္ဂနွေနေ့က ကြေညာလိုက်တာဖြစ်တယ်။ ဆိုတော့ မျှော်လင့်ထားတဲ့ သတင်းတော့ ဖြစ်တယ်။ ဒါပေမဲ့ ဂယက်ရိုက်ခတ်မှု အများကြီးဖြစ်နိုင်တဲ့ သတင်းဖြစ်တယ်။ Donald Trump ကိစ္စကတော့ မမျှော်လင့်ထားဘဲ ရုတ်တရက်ဖြစ်လာတယ်ဆိုတော့ တကမ္ဘာလုံး ထိတ်လန့်သွားတဲ့ ကိစ္စဖြစ်တယ်။ သတင်းနှစ်ခုကတော့ နည်းနည်းကွာပါတယ်။ ဒါပေမဲ့ ဂယက်ရိုက်ခတ်မှုကတော့ သမ္မတ Joe Biden မပြိုင်တော့ဘူးဆိုတဲ့ သတင်းက ပိုပြီးကြီးမားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


မေး ။ ။ ဒီလို‌ရွေးကောက်ပွဲမှာ ထပ်မပြိုင်တော့ဘူးဆိုပြီး နှုတ်ထွက်လိုက်တာက နိုင်ငံရေး အခြေအနေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ။

ဖြေ ။ ။ ပထမဆုံးတခုက သူက နှုတ်ထွက်တဲ့အခါမှာ သူက ဘယ်သူ့ကို ထောက်ခံသွားလဲဆိုတော့ သူ့ရဲ့လက်ထောက်သမ္မတဖြစ်တဲ့ ဒုသမ္မတဖြစ်တဲ့ Kamala Harris ကို endorse လုပ်သွားတယ်။ သူဟာ အကောင်းဆုံး Partner ဖြစ်တယ်။ သူနဲ့ တွဲပြီးလုပ်ခဲ့တဲ့ သက်တမ်းမှာ သူဟာ သူ့နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အသင့်တော်ဆုံးလူ ဖြစ်တယ်ဆိုပြီး ထောက်ခံသွားတယ်။ ဒါပေမဲ့ အဲ့ဒီလို ထောက်ခံသွားမှုက မလုံလောက်သေးဘူး။ Democratic Party ရဲ့ National Congress (DNC) က နေပြီးတော့ သူ့ကို တရားဝင်ရွေးရမယ်။ ရွေးချယ်တင်မြှောက်ဖို့ လိုတယ်။ ဒါပေမဲ့ အချိန်ကလည်း သိပ်မကျန်ဘူး။ တချို့က ပြောကြတယ် သမ္မတကြီး ဘိုင်ဒန်က ဒီလို နှုတ်ထွက်ချင်ရင်လည်း အချိန်စောပြီး နှုတ်ထွက်ရင် ပိုပြီးတော့ ပြင်ဆင်ချိန်ရတာပေါ့။ အခု အနီးကပ်ပြီးတော့ သူ့ကို ဆက်လက်ထောက်ခံမလား။ နောက်ထပ် ဘယ်သူပြိုင်ဘက်တွေ ရှိလာမလဲ ဘာညာဆိုပြီးတော့ အပြောအဆိုတွေက ရှိလာတော့ တော်တော်လေးတော့ ခဲယဥ်းတယ်။ ဒါပေမဲ့ Democratic National Congress ရဲ့ ဥက္ကဌကတော့ ပြောတယ် - သိပ်ပြီးတော့ စနစ်တကျ Transparent ဖြစ်ပြီးတော့ စနစ်တကျ Orderly Process အတိုင်း လုပ်သွားမယ် ဆိုပြီးတော့ သူတို့ Trump ကို တကယ်ထိုးနှက်ပြီးတော့ တကယ်အနိုင်ယူသွားနိုင်မယ့် ခေါင်းဆောင်ကိုယ်စားလှယ်တယောက်ကို ဖြစ်အောင် ရွေးချယ်မယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဘယ်လို ဆက်သွားမယ်ဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စပါ။

မေး ။ ။ ဒီနေရာမှာ တခြားအပြိုင်အဆိုင်တွေရော ရှိလာနိုင်ပါသလား။

ဖြေ ။ ။ ရှိလာနိုင်တယ်လို့ ယူဆကြပါတယ်။ ရှိကောင်းရှိလာနိုင်မယ်လို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။

မေး ။ ။ အဲ့ဒီတော့ ဒီလို သမ္မတဘိုင်ဒန်က ရွေးကောက်ပွဲက နှုတ်ထွက်မယ်ဆိုတဲ့အပေါ်မှာ သမ္မတဟောင်း Obama ကလည်း ဒီဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ချီးကျူးပါတယ်ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ကျတော့ ဒုသမ္မတ Kamala Harris ကို Democratic သမ္မတလောင်း အဖြစ် မထောက်ခံတဲ့သဘော ဖြစ်နေပါတယ်။ ဒါက ဘာသဘောပါလဲ။

ဖြေ ။ ။ အဲ့ဒါကိုတွေးပြီး လူပိန်းအတွေး ပြောကြတာကတော့ Obama က Kamala Harris ကို ပါတီမတ်အလောင်းအဖြစ် မထာက်ခံတာက သူ့ရဲ့အမျိုးသမီး Michelle Obama အတွက် စိတ်ကူးစိတ်ထဲမှာရှိလို့၊ ဒါကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ သမ္မတ Obama တင် မကပါဘူး သူလည်း မထောက်ခံသလို၊ Nancy Pelosi လည်းပဲ ဒီမိုကရက်တစ်ထဲက ဒိတ်ဒိတ်ကြဲတယောက် ဖြစ်တယ်။ သူလည်း မထောက်ခံပါဘူး။ သမ္မတဘိုင်ဒန်ကို ချီးကျူးတယ်။ နှုတ်ထွက်တာကို ကြိုဆိုတယ်၊ ဒါပေမဲ့ Kamala Harris ကို ပေါ်ပေါ်ထင်ထင် ထောက်ခံထားတာ မရှိဘူး။ အလားတူစွာပဲ ထင်ရှားတဲ့ ဒီမိုကရက် ခေါင်းဆောင်တွေကလည်း တချို့ မထောက်ခံကြဘူး။ အဲ့ဒါကို ရီပတ်ဗလင်ကန်ဘက်က ထိုးနှက်တယ်။ Kamala Harris ကို သူတို့ လူတွေကိုယ်တိုင်ကတောင် မထောက်ခံကြဘူး။ တကယ်တော့ ဂျိုးဘိုင်ဒန် နှုတ်ထွက်တာကလည်း သူ့ဆန္ဒနဲ့ သူမဟုတ်ဘဲ လူတွေက ဝိုင်းပြီးဖိအားပေးလို့ သူဖြုတ်ပစ်လိုက်တာ ဖြစ်တယ်ဆိုပြီး တချို့ ရီပက်ပလစ်ကန်တွေက သုံးတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့က ဘယ်လိုတွေးလဲဆိုတော့ ဒီလို တခါတည်း Kamala Harris ကို မထောက်ခံတာက ဘက်မလိုက်သေးဘူး။ မှန်မှန်ကန်ကန် အဖြေပေါ်လာမယ်ဆိုတာကို သူတို့စဥ်းစားချင့်ချိန်ပြီးတော့ စောင့်နေခြင်းသာ ဖြစ်တယ်။ ဥပမာ သမ္မတ Obama ဆိုရင် ၂၀၂၀ တုန်းက ဒေါ်နယ်ထရမ့်နဲ့ ဘိုင်ဒန်နဲ့ ပြိုင်ခဲ့ကြတုန်းကလည်း အဲ့ဒီ ပါတီ Congress မတိုင်ခင်မှာ ချက်ချင်းကြိုတင်ပြီးတော့ ထောက်ခံခဲ့ခြင်း မရှိဘူးလို့ ပြောကြပါတယ်။

အဲ့ဒါကလည်း စောင့်ကြည့်စရာပေါ့လေ။ အဲ့ဒီလို မထောက်ခံတိုင်းလည်း သူ့ကို ဆက်ပြီးတော့ မထောက်ခံဘူး။ သူနဲ့ပြိုင်ဘက်ကို စဥ်းစားနေကြတယ်လို့ ပြောလို့ မရပါဘူး။ သို့ပေမဲ့ တခြားပြိုင်ဘက်တွေက ပါတီထဲမှာ ရှိကောင်းရှိလာနိုင်တယ်လို့လည်း တွက်တဲ့လူတွေလည်း ရှိပါတယ်။

မေး ။ ။ တကယ်လို့ ဒုသမ္မတ Kamala Harris သာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာမယ်ဆိုရင် အခုဟိုဘက်က ရီပက်ကလစ်ကန်ဘက်က သမ္မတလောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ဝါအရ၊ သဘာအရ ယှဥ်ပြိုင်နိုင်ချေ ရှိပါ့မလား။

ဖြေ ။ ။ အဲ့ဒါက တကယ်မေးသင့်တာပါ။ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ သဘာနဲ့ဝါကိုတော့ ပြောစရာမလိုဘူးပေါ့။ သူက အတွေ့အကြုံရှိပြီးသား။ သူ့မူတိုင်းသူဆက်ပြီးတော့ လုပ်နေအုန်းမှာပါ။ ဒါပေမဲ့ Kamala Harris ကလည်း ဒုသမ္မတ လုပ်လာတဲ့သူပဲ။ သိပ်တော့လည်း မကွာလှဘူး။ ဒုသမ္မတလည်း သမ္မတပဲဆိုတော့ သဘာချင်း ဝါချင်းက သိပ်မကွာလှဘူး. နောက်ပြီးတော့ Kamala Harris ကလည်း ၂၀၀၀ လောက်ထဲက နိုင်ငံရေး elected posts တွေ ရှေ့နေချုပ်ရာထူးတွေမှာ ပြိုင်လာတယ်။ နောက်ပြီးတော့ ပြည်နယ်ရှေ့နေချုပ်အဖြစ်နဲ့ အရွေးခံခဲ့ရတယ်။ နောက်ပြီးတော့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်လာတယ် စသည်ဖြင့် အဲ့ဒီကိစ္စတွေမှာ သူက ကျွမ်းကျင်တယ်။ နောက်ပြီး သူ့ရဲ့ အားသာချက်က သူက ဥပဒေသမား ဖြစ်တယ်။ Prosecutor ဥပဒေသမား ရှေ့နေ ဖြစ်တယ်.။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါ်နယ်ထရမ့်ကလည်း ပြစ်မှု့တွေအရ ပြစ်မှုတွေ ခံထားရတဲ့သူ ဖြစ်တယ်။ သူ့ကို တရားရုံးကသာ ပြန်လည်ပြီးတော့ ပလပ်ထားတာ ဖြစ်တယ်။ ဆိုတော့သိပ်ကြည့်ကောင်းတာဘဲ။ တရားခံအဖြစ်နဲ့ စွဲခံထားရတဲ့သူနဲ့ ဆွဲချရှေ့နေ အဖြစ်နဲ့ တက်လာတဲ့သူနဲ့ဆိုတော့ တော်တော်လေး ကြည့်ကောင်းမယ့်ပွဲ ဖြစ်ပါတယ်။

သဘာ ပိုရင့်တယ်လိုတော့ ပြတ်ပြတ်သားသား ပြောလို့ မရပါဘူး။ Kamala Harris ဘက်ကလည်း သူ့မှာ အားသာချက်တွေအများကြီး ရှိပါတယ်။ သို့သော်လည်းပဲ သူ့ပါတီတွင်းက တချို့ရဲ့ ဝေဖန်ချက်တွေ ဘာရှိသလဲဆိုတော့ ပါတီတွင်းက လက်ယျာဘက်နဲ့ ယိမ်းချင်တဲ့သူတွေက သူဟာ နယ်စပ်ကိစ္စ လက်တင်အမေရိကတောင်းပိုင်းကိစ္စနဲ့ ပတ်သက်လို့ အချိန်အပြည့်အဝ မပေးဘူး။ ဒီဟာကို ဖိမိစီးစီး မလုပ်ဘူးဆိုပြီး လက်ယိမ်းချင်တဲ့သူတွေဘက်က ပြောတယ်။ လက်ဝဲယိမ်းချင်တဲ့ သူတွေကလည်း သူက တခုမှာ ပြောခဲ့တယ်။ Do not come ဆိုပြီလား ပြောခဲ့တာ ဒါဟာကို ဆန့်ကျင်ပြီး ပြောနေတယ်ဆိုပြီး လက်ဝဲအယူအဆ ရှိတဲ့သူတွေက အဲ့လိုကြီး ဒါက လူတွေရဲ့ သဘောကတော့ ကြိုတင်ပြီး ဝေဖန်ကြမှာပေါ့လေ။ အဲ့ဒီလို ဝေဖန်ခံရမှု့တွေတော့ ရှိနိုင်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ သမ္မတဘိုင်ဒန်က အဲ့ဒီလို ရွေးကောက်ပွဲ မဝင်တော့ဖို့ နှုတ်ထွက်လိုက်တာက တဘက်မှာ ဒေါ်နယ်ထရမ့်တို့ဘက်ကို ပိုပြီးတော့ အားသာသွားနိုင်ပါသလား။ ဒေါ်နယ်ထရန့်ကိုပိုပြီးတော့ အားပေးထောက်ခံမှု့ ပိုများလာနိုင်လား။

ဖြေ ။ ။ မဲဆန္ဒရှင်တွေ ကြားမှာတော့ အဲ့ဒီလို ဖြစ်လာနိုင်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပါတီထဲမှာက စည်းလုံးညီညွတ်ပြီးသား ပိုဖြစ်နေတယ်။ သူတို့က တကယ်ကို ပိုညီညွတ်တယ်၊ ဒေါ်နယ်ထရမ့် အပစ်ခံရပြီးနောက်မှာ ပိုမို ညီညွတ်လာကြတယ်။ Nikki Haley တို့။ သူကိုပြိုင်ဖို့ Challenge လုပ်ခဲ့တဲ့ လူတွေကလည်း အကုန်လုံး သူ့ကို ပုံအောပြီးတော့ ထောက်ခံကြတယ်။ Republican ဘက်က‌တော့ ပိုပြီးညီညွတ်မှု့ကို ပြနိုင်တဲ့အချိန် ဖြစ်နေတယ်။ Democratic ပါတီမှာတော့ ဘယ်သူ့ကို သမ္မတလောင်း တင်ရမလဲဆိုတာတောင်မှာ အခုချိန်ထိ သူတို့မှာ ပြတ်ပြတ်သားသား မလုပ်နိုင်ကြသေးဘူးဆိုတော့ နည်းနည်း Chaotic ဖရိုဖရဲ ဖြစ်နေတယ်။ မေးစရာတခု ရှိတာကတော့ Kamala Harris က သမ္မအဖြစ် ယှဥ်ပြိုင်မယ့်ပုဂ္ဂိုလ်ထဲမှာ ပထမဆုံး အမျိုးသမီးလည်း ဖြစ်တယ်။ နောက်တခါ အိန္ဒိယနဲ့ ဂျာမေကား မိဘတွေက ပေါက်ဖွားလာတဲ့ Black အမျိုးသမီးတယောက်လည်း ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Black Community က ထောက်ခံမှု့ကို အများကြီးရနိုင်တယ်။

နောက်ပြီးတော့ Congressional Black Cacus ဆိုတာ ရှိတယ်။ လူမည်းအမတ်တွေ စုပေါင်းထားတာ အဲ့ဒီအဖွဲ့ကလည်း လုံးဝထောက်ခံပြီးသား ဖြစ်နေတယ်။ နောက် ဒါ့အပြင် Bill Clinton နဲ့ Hillary Clinton တို့ ဇနီးမောင်နှံကလည်း အပြည့်အဝ ထောက်ခံထားတာ တွေ့ရတယ်။ နောက်တချို့ စဥ်းစားကြတာကတော့ အမျိုးသမီး ဖြစ်နေခြင်း၊ Black ဖြစ်နေခြင်းအတွက် အားဖြည့်တဲ့အနေနဲ့ Running mate လို့ ခေါ်တဲ့ သူ့ရဲ့ ပြိုင်ဖော်ပြိုင်ဘက်ဖြစ်တဲ့ ဒုတိယသမ္မတလောင်းကို လူဖြူထဲက အမျိုးသားတယောက်ကို ရွေးသင့်တယ်လို့ ပြောကြတယ်။ အဲဒီတော့ သူတို့ သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဖြစ်နိုင်မယ့် အလားအလာရှိတဲ့ လူတွေ ရွေးချယ်ထားတာ အများကြီး တွေ့ရတယ်။ ဒီနေရာမှာ အဖြစ်နိုင်ဆုံးသူကတော့ Pennsylvania ပြည်နယ်ရဲ့ Governor ဖြစ်တဲ့ Josh Shapiro ဖြစ်လာနိုင်တယ်။ ဘယ်လိုဖြစ်လာနိုင်မလဲ - သူသာ ပေါင်းလိုက်ပြီးတော့ တပေါင်းတစည်းတည်းသာ ထောက်ခံလိုက်ကြမယ်ဆိုရင် ပိုပြီးတော့မှ အားသာနိုင်တယ်ဆိုပြီး လူတွေက သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ခံပြည်သူတွေက ရွေးကောက်မယ့် မဲ့ဆန္ဒရှင်ပြည်သူတွေက ပုံအောပြီး ထောက်ခံကြမလား ဆိုတာကတော့ ပြောရမှာ သိပ်စောပါတယ်။ နောက်ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ မပြတ်မသားဖြစ်နေတဲ့ လူတွေကလည်း မဲပေးတဲ့အခါမှာ Last minute နောက်ဆုံးချိန်မှ ကောက်ပြီးတော့ ပေးလိုက်တာ ကြိုတင်ပြီးတော့ Poll တွေမှာ တွက်ထားတာ ခန့်မှန်းချက်တွေထဲမှာ တွက်ထားတာတွေ တလွဲဖြစ်သွားတာလည်း ရှိတယ်ဆိုတော့ အဲ့ဒါက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ကြိုတွက်လို့ မရပါဘူး။ ဒါပေမဲ့ ဒီမိုကရက်ဘက်ကလည်း သူတို့အကောင်းဆုံး ကြိုးစားလိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ အဓိက သူတို့ ယှဥ်ရမှာက မူအားဖြင့် ယှဥ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဘယ်လို ဖြစ်လာမလဲဆိုတာ သူတို့ တွက်မယ်။ Kamala Harris လက်ထဲမှာလည်း နိုင်ငံခြားရေးဝါဒ ဘယ်လို ဖြစ်လာမလဲဆိုတာကို တွက်ကြတယ်။ တချို့ကတော့ သိပ်အပြောင်းအလဲရှိလာမှာ မဟုတ်ဘူး။ ဘိုင်ဒန်လိုပဲ ဆက်သွားမှာဆိုပြီး တွက်နေကြပါတယ်။ ယူကရိန်းတို့ ဘာတို့ကလည်း ဒီအတိုင်းပဲ ဆက်သွားကြလိမ့်မယ်လို့ မျှော်လင့်ထားကြတာ ရှိပါတယ်။

မမြသဇင်အောင် ။ ။ ဦးကျော်ဇံသာရှင် အခုလိုဆွေးနွေးပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။

Forum

XS
SM
MD
LG