သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီ ညီလာခံအတွက် ရှီကာဂိုမြို့မှာ စတင်ပြင်ဆင်


အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ်၊ Chicago မြို့မှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံပြင်ဆင်နေစဉ် (ဩဂုတ် ၁၈၊ ၂၀၂၄)
အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ်၊ Chicago မြို့မှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံပြင်ဆင်နေစဉ် (ဩဂုတ် ၁၈၊ ၂၀၂၄)

အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ်၊ Chicago မြို့မှာ ဒီကနေ့ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ မနေ့ကစရောက်လာနေကြပါပြီ။ တချိန်တည်းမှာပဲ ဂါဇာဒေသက ဟားမတ်စ်တွေအပေါ် အစ္စရေးက စစ်ဆင်နေတာကို သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris က ထောက်ခံနေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြမယ့်သူတွေလည်း ရှိနေပါတယ်။

မနေ့ကပဲ Michigan Avenue အထင်ကရ လမ်းမကြီးပေါ်မှာ ဆန္ဒပြသူတွေ ချီတက်ခဲ့ကြတာပါ။ ညီလာခံ ကျင်းပနေတဲ့ နေ့တိုင်းမှာ ဆန္ဒပြကြလိမ့်မယ်လို့လည်း ခန့်မှန်းရပြီး၊ တက်ကြွလှုပ်ရှားသူတွေကြား ရည်မှန်းချက်အယူအဆ ကွဲပြားတာတွေ ရှိပေမဲ့ ဂါဇာဒေသမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့ကိုတော့ အားလုံးက လက်ခံထားကြပါတယ်။

အမေရိကန်မှာ တတိယအကြီးဆုံးဖြစ်တဲ့ Chicago မြို့က ညီလာခံကာလအတွင်း ပါတီကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ခန့်မှန်းခြေ လူ ၅ သောင်းလောက် လာကြလိမ့်မယ်လို့လည်း တွက်ဆထားကြတာပါ။ ရဲတပ်ဖွဲ့ဝင်တွေ Secret Service အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးအတွက် တင်းတင်းကြပ်ကြပ် ပြင်ဆင်ထားပြီး၊ ညီလာခံကျင်းပရာ နေရာအနီးတဝိုက် လမ်းတွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ညီလာခံအတွက် ရှီကာဂိုမြို့မှာ စတင်ပြင်ဆင်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG