9/11 တိုက်ခိုက်မှု ဖြစ်ရပ်မှန် အသိပညာပေး ပြတိုက်

Your browser doesn’t support HTML5

နယူးယောက်မြို့ တိုက်ခိုက်ခံရတဲ့ အမွှာမျှော်စင်နေရာမှာ ပြန်တည်ဆောက်ထားတဲ့ ပြတိုက်က လွန်ခဲ့တဲ့ ၂၃ နှစ်ကတိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို မှတ်တမ်းတင်ဂုဏ်ပြုတာအပြင် တိုက်ခိုက်မှုနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်ကို အများသိရှိစေဖို့ ရည်ရွယ်ချက်နဲ့ပါ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

9/11 တိုက်ခိုက်မှု ဖြစ်ရပ်မှန် အသိပညာပေး ပြတိုက်

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းဒေသနေရာ ၃ ခုမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ၂၃ နှစ် ပြည့်သွားပြီ ဖြစ်ပြီး အထူးအဖြင့် နောက်ပိုင်းမွေးဖွားလာတဲ့ မွေးဆက်သစ်တွေအတွက် ဖြစ်ရပ်ကို မှန်မှန်ကန်ကန်ပြောပြနိုင်ဖို့ ပိုအရေးကြီးလာတာပါ။ နယူးယောက်မြို့ တိုက်ခိုက်ခံရတဲ့ အမွှာမျှော်စင်နေရာမှာ ပြန်တည်ဆောက်ထားတဲ့ ပြတိုက်က သေဆုံးသွားသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို မှတ်တမ်းတင်ဂုဏ်ပြုတာအပြင် တိုက်ခိုက်မှုနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်ကို အများသိရှိစေဖို့ ရည်ရွယ်ချက်နဲ့ပါ တည်ဆောက်ထားတာ ဖြစ်ပါတယ်။