သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂၃ နှစ်ပြည့် အောက်မေ့ဖွယ်ကျင်းပ


(ဝဲမှယာ) အထက်လွှတ်တော်အမတ် Chuck Schumer (R-NY), ဒုသမ္မတနဲ့သမ္မတကိုယ်စားလှယ်လောင်း Kamala Harrris, သမ္မတ Joe Biden, နယူးယောက်မြို့တော်ဝန်ဟောင်း Michel Bloomberg, ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း Donald Trump နဲ့ ဒု-ကိုယ်စားလှယ်လောင်း Sen. JD Vance (စက်တင်ဘာ ၁၁။ ၂၀၂၄)
(ဝဲမှယာ) အထက်လွှတ်တော်အမတ် Chuck Schumer (R-NY), ဒုသမ္မတနဲ့သမ္မတကိုယ်စားလှယ်လောင်း Kamala Harrris, သမ္မတ Joe Biden, နယူးယောက်မြို့တော်ဝန်ဟောင်း Michel Bloomberg, ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း Donald Trump နဲ့ ဒု-ကိုယ်စားလှယ်လောင်း Sen. JD Vance (စက်တင်ဘာ ၁၁။ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၁ ရက်နေ့ al-Qaida အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၃,၀၀၀နီးပါး သေဆုံးခဲ့ရမှု ၂၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွေကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ နှစ်ဆောင်ပြိုင် မိုးမျှော်အဆောက်အအုံတွေကို ပြန်ပေးဆွဲလေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တာကြောင့် ပြိုကျခဲ့ရတဲ့ Ground Zero အောက်မေ့ဖွယ်နေရာမှာ သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုး မိသားစုဝင်တွေ စုစည်းခဲ့ကြတာပါ။ အောက်မေ့ဖွယ်အခမ်းအနားကိုတော့သမ္မတ Joe Biden က ဒုတိယသမ္မတ Kamala Harris နဲ့အတူ တက်ရောက်ခဲ့ပြီး တဖက်မှာတော့ ပြိုင်ဘက်သမ္မတဟောင်းDonald Trump လည်း တက်ရောက်လာတာမှာ နယူးယောက် မြို့တော်ဝန်ဟောင်း Michael Bloomberg က နိုင်ငံရေးပြိုင်ဘက် နှစ်ဘက်ကြားမှာ နေရာယူခဲ့ပါတယ်။

ဖီလာဒဲလ်းဖီးယားမြို့မှာ ဒုတိယသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump တို့ကြား သမ္မတလောင်းစကားစစ်ထိုးပွဲအပြီး ၁၂ နာရီလောက်အကြာမှာ သမ္မတလောင်းနှစ်ဦးတို့ နယူးယောက်က 9/11 အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်တာမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး စကားစမြည်လည်း ပြောခဲ့ကြပါတယ်။

သမ္မတ Biden နဲ့ ဒုတိယ သမ္မတ Harris တို့ကတော့ စက်တင်ဘာလ ၁၁ ရက် အယ်လ်ခိုက်ဒါး တိုက်ခိုက်ခံခဲ့ရတဲ့ နောက်နေရာတခုဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Shanksville က နေရာကိုလည်း သွားရောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်ခံရတဲ့ နောက် နေရာတခုဖြစ်တဲ့ အမေရိကန် စစ်ဌာနချုပ် Pentagon ကိုလည်း သမ္မတ Biden နဲ့ ဒုတိယ သမ္မတ Harris တို့ သွားရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG