သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 တိုက်ခိုက်ခံရမှု အောက်မေ့ဖွယ် အခမ်းအနား သမ္မတဘိုင်ဒင်တက်မည်


၂၀၁၁ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှု အမှတ်တရ နယူးယောက်မြို့ရှိ အထိမ်းအမှတ်နေရာနဲ့ ပြတိုက်ရှေ့မှာတွေ့ရတဲ့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တဦး (စက်တင်ဘာ ၁၁၊ ၂၀၂၃)
၂၀၁၁ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှု အမှတ်တရ နယူးယောက်မြို့ရှိ အထိမ်းအမှတ်နေရာနဲ့ ပြတိုက်ရှေ့မှာတွေ့ရတဲ့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တဦး (စက်တင်ဘာ ၁၁၊ ၂၀၂၃)

အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလက လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ရတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် သမ္မတ Joe Biden က Alaska ပြည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာ စစ်မှုထမ်းတွေ၊ အရေးပေါ် ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ဒီကနေ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ G-20 ထိပ်သီးအစည်းအဝေးနဲ့ ဗီယက်နမ်နိုင်ငံ အပါအဝင် ပြည်ပခရီးစဉ်က အပြန် သမ္မတဘိုင်ဒင် Alaska ပြည်နယ်ကို ဝင်ရောက်မှာပါ။

New York မြို့ Pennsylvania ပြည်နယ်နဲ့ Pentagon စစ်ဌာနချုပ်က အကြမ်းဖက်သမားတွေ လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေမှာ သမ္မတကိုယ်တိုင် မတက်ရောက်ဘဲ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကျင်းပမှာ ဖြစ်ပေမဲ့ အရင်ကလည်း သမ္မတွေကိုယ်တိုင် မတက်ခဲ့တာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ သမ္မတ George W. Bush လက်ထက် ၂၀၀၅ ခုနှစ်က အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့ဖူးသလို၊ သမ္မတ Barack Obama လက်ထက် ၂၀၁၅ ခုနှစ်တုန်းကလည်း အိမ်ဖြူတော်မှာ ခေတ္တငြိမ်သက် ဂုဏ်ပြုခဲ့ကြပြီး၊ ဝါရှင်တန်မြို့တော်အနီး Fort Meade စစ်စခန်းက စစ်မှုထမ်းတွေ ဂုဏ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။

နယူးယောက်မြို့မှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး ရှိခဲ့ရာ နေရာက အထိမ်းအမှတ်နဲ့ ပြတိုက်မှာ ဒီကနေ့ ကျင်းပမယ့် အခမ်းအနားကိုတော့ ဒုသမ္မတ Kamala Harris တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ဒုသမ္မတရဲ့ ခင်ပွန်း Doug Emhoff ကတော့ အကြမ်းဖက်သမားတွေ စီးနင်းခဲ့တဲ့လေယာဉ် ပျက်ကျခဲ့ရာ Pennsylvania ပြည်နယ် Shanksville ကို သွားရောက်ပြီး ပန်းခွေချမှာပါ။ သမ္မတကတော် Jill Biden ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley တို့ကတော့ ပင်တဂွန် စစ်ဌာနချုပ်က 9/11 အောက်မေ့ဖွယ် အခမ်းနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG