သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ေလယာဥ္ခရီးစဥ္ေတြ ပံုမွန္ျပန္ျဖစ္ေန 


FAA ကြန္ပ်ဴတာထိန္းခ်ဳပ္စနစ္ခ်ိဳ႕ယြင္းမႈအၿပီး နယူးေယာက္ၿမိဳ႕ လာဂြားဒီးယားေလဆိပ္မွာ ျပန္လည္ပ်ံသန္းေတာ့မယ့္ ေလယာဥ္တခ်ိဳ႕ကိုေတြ႔ရစဥ္ (ဇန္ဝါရီ ၁၂၊ ၂၀၂၃)

အေမရိကန္ျပည္ေထာင္စုမွာ ေလယာဥ္ပ်ံသန္းမႈ ထိန္းခ်ဳပ္ေရးစနစ္ ခ်ဳိ႕ယြင္းမႈေၾကာင့္ မေန႔ ဇန္နဝါရီ ၁၁ ရက္ေန႔က ေလယာဥ္ခရီးစဥ္ ေထာင္နဲ႔ခ်ီ ေႏွာင့္ေႏွးတာ၊ ဖ်က္ပစ္လိုက္ရတာေတြ ရွိခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ ပံုမွန္လည္ပတ္ႏိ္ုင္ဖို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း အေမရိကန္ ေလေၾကာင္းလိုင္းေတြက ေျပာပါတယ္။

ဖက္ဒရယ္ေလေၾကာင္းပ်ံသန္းမႈ အုပ္ခ်ဳပ္ေရးဌာန FAA ရဲ႕ စနစ္ခ်ဳိ႕ယြင္းၿပီး ေဘးကင္းလံုျခံဳမႈဆိုင္ရာ အေရးႀကီးတဲ့ အခ်က္အလက္ေတြ ျပတ္ေတာက္သြားခဲ့တာေၾကာင့္ မေန႔က ေလယာဥ္ခရီးစဥ္ ၁၀,၀၀၀ ေလာက္ ဖ်က္လိုက္ရတာ၊ ေႏွာင့္ေႏွးၾကန္႔ၾကာတာေတြ ျဖစ္ခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ကမာၻ႕ကုန္သြယ္ေရးစင္တာ (World Trade Center) ကို အၾကမ္းဖက္သမားေတြက တိုက္ခိုက္ခဲ့တဲ့ စက္တင္ဘာ ၁၁ (9/11) ျဖစ္ရပ္ေနာက္ပိုင္း ဆယ္စုႏွစ္ ၂ စုအတြင္း တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ပထမဆံုးအႀကိမ္ ေလယာဥ္ခရီးစဥ္ေတြ ရပ္သြားခဲ့တာျဖစ္ပါတယ္။ ခရီးစဥ္ေတြကေမာက္ကမျဖစ္ခဲ့တဲ့အတြက္ ခရီးသည္ေတြလည္း အေတာ္ေလး ဒုကၡေရာက္ခဲ့ၾကပါတယ္။

ကနဦး ေလ့လာေတြ႕ရွိခ်က္ေတြအရကေတာ့ ကြန္ပ်ဴတာထိန္းခ်ဳပ္စနစ္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ျဖစ္တာလို႔ တာ၀န္ယူရွိသူေတြက ေျပာဆိုထားပါတယ္။ ဆိုက္ဘာတိုက္ခိုက္ခံရတာမ်ိဳးေတာ့ မဟုတ္ဘူးလို႔ေတာ့ ေျပာပါတယ္။ အေၾကာင္းရင္းကို တာဝန္ရွိသူေတြ စံုစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။ အခုလိုေလေၾကာင္းပ်ံသန္းမႈစနစ္ ဘာေၾကာင့္ထိခိုက္ခဲ့တယ္ဆိုတာ FAA ကစံုစမ္းၿပီး ေနာက္ထပ္ ထပ္မျဖစ္ေအာင္ အေသအခ်ာလုပ္ေနပါတယ္လို႔ အိမ္ျဖဴေတာ္က ေျပာၾကားထားပါတယ္။ ကူးသန္းေရာင္း၀ယ္ေရးဆိုင္ရာ အထက္လႊတ္ေတာ္ေကာ္မတီကလည္း ျဖစ္ပ်က္ခဲ့တဲ့အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးမယ့္အေၾကာင္း ကတိျပဳေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================================================

[Unicode]

အမေရိကန်လေယာဉ်ခရီးစဉ်တွေ ပုံမှန်ပြန်ဖြစ်နေ

အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ နှောင့်နှေးတာ၊ ဖျက်ပစ်လိုက်ရတာတွေ ရှိခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ပုံမှန်လည်ပတ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် လေကြောင်းလိုင်းတွေက ပြောပါတယ်။

ဖက်ဒရယ်လေကြောင်းပျံသန်းမှု အုပ်ချုပ်ရေးဌာန FAA ရဲ့ စနစ်ချို့ယွင်းပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးကြီးတဲ့ အချက်အလက်တွေ ပြတ်တောက်သွားခဲ့တာကြောင့် မနေ့က လေယာဉ်ခရီးစဉ် ၁၀,၀၀၀ လောက် ဖျက်လိုက်ရတာ၊ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၁ (9/11) ဖြစ်ရပ်နောက်ပိုင်း ဆယ်စုနှစ် ၂ စုအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပထမဆုံးအကြိမ် လေယာဉ်ခရီးစဉ်တွေ ရပ်သွားခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်တွေကမောက်ကမဖြစ်ခဲ့တဲ့အတွက် ခရီးသည်တွေလည်း အတော်လေး ဒုက္ခရောက်ခဲ့ကြပါတယ်။

ကနဦး လေ့လာတွေ့ရှိချက်တွေအရကတော့ ကွန်ပျူတာထိန်းချုပ်စနစ် ချို့ယွင်းမှုကြောင့် ဖြစ်တာလို့ တာဝန်ယူရှိသူတွေက ပြောဆိုထားပါတယ်။ ဆိုက်ဘာတိုက်ခိုက်ခံရတာမျိုးတော့ မဟုတ်ဘူးလို့တော့ ပြောပါတယ်။ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခုလိုလေကြောင်းပျံသန်းမှုစနစ် ဘာကြောင့်ထိခိုက်ခဲ့တယ်ဆိုတာ FAA ကစုံစမ်းပြီး နောက်ထပ် ထပ်မဖြစ်အောင် အသေအချာလုပ်နေပါတယ်လို့ အိမ်ဖြူတော်က ပြောကြားထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီကလည်း ဖြစ်ပျက်ခဲ့တဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ့်အကြောင်း ကတိပြုပြောဆိုပါတယ်။

XS
SM
MD
LG