ဂျပန်ကုမ္ပဏီတခုကို ရောင်းချမယ့် အမေရိကန်သံမဏိစက်ရုံ
Your browser doesn’t support HTML5
အမေရိကန်ရဲ့ စက်မှုခေတ်က အထင်ကရ လုပ်ငန်းကြီး ဖြစ်တဲ့ US Steel ကို ဂျပန် ကုမ္ပဏီ တခုက ဒေါ်လာ ၁၄ ဘီလျံနဲ့ ဝယ်ယူမယ့် ကိစ္စဟာ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ သမ္မတ Joe Biden ရော သမ္မတဟောင်း Donald Trump ကပါ ဆန့်ကျင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ အပြီးမှာတော့ ဒီသဘောတူညီချက်က ဆက်လက် အကောင်အထည်ပေါ်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ ဒီအပေါ် ဒေသတွင်းက သဘောထားတွေကိုတော့ ဗွီအိုအေ သတင်းထောက်ချုပ် Steve Herman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြမှာပါ။