မီးခိုးတွေကြားပိတ်မိနေတဲ့ နယူးဒေလီမြို့နေပြည်သူများ

Your browser doesn’t support HTML5

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှု အညွှန်းကိန်း ၅၄၅ အထိ မြင့်တက်နေပြီး အန္တရာယ်ရှိတဲ့အဆင့် ရောက်နေပါပြီ။ ကျောင်းတွေပိတ်၊ ဆေးရုံတွေ လူနာတိုး၊ သက်ကြီးရွယ်အိုတွေ အိမ်ထဲကမထွက်နိုင်တဲ့အထိ ဖြစ်နေပါတယ်။ မြို့နေပြည်သူတွေက မျက်လုံးတွေ ပူတာ။ လည်ချောင်းနာတာ။ အသက်ရှူကြပ်တာတွေကို ခံစားနေရပါတယ်။