သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းလို့ ဘန်ကောက်မှာ ကျောင်း ၃၅၀‌ ကျော်ပိတ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲ လေထုညစ်ညမ်းမှုကြောင့် ဝေဝါးနေသည့်မြင်ကွင်း (ဇန်နဝါရီ ၂၄၊ ၂၀၂၅)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲ လေထုညစ်ညမ်းမှုကြောင့် ဝေဝါးနေသည့်မြင်ကွင်း (ဇန်နဝါရီ ၂၄၊ ၂၀၂၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် ကျောင်းပေါင်း ၃၅၀ ထက်မနည်းကို ဒီနေ့ သောကြာနေ့မှာ ပိတ်ထားရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျောင်းတွေပိတ်ထားရတဲ့အထဲမှာ ၅ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ ဘန်ကောက်မြို့တာဝန်ရှိသူတွေက ပြောပါတယ်။ ခရိုင် ၃၁ ခုမှာ ကျောင်းပေါင်း ၃၅၂ ကျောင်းပိတ်ထားရပါတယ်။

ဘန်ကောက်မြို့ကားလမ်းတွေပေါ်မှာ ယာဉ်အသွားအလာ လျှော့ချနိုင်ဖို့ ဘတ်စ်ကားလို အများပြည်သူသယ်ယူပို့ဆောင်မှုခရီးစဉ်တွေကို ဒီသီတင်းပတ် အခမဲ့ စီးနင်းခွင့်ပေးမယ်လို့လည်း ကြေညာထားပါတယ်။ ကြာသပတေးနေ့ကလည်း ယာဉ်အသွားအလာ လျှော့ချနိုင်ဖို့ လူတွေကို နေအိမ်ကနေ အလုပ်လုပ်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်းတခြားနိုင်ငံတွေလိုပဲ ထိုင်းနိုင်ငံမှာ နှစ်စဉ်အခုလိုအချိန်ဆိုရင် တောင်ယာခင်းတွေက အမှိုက်တွေမီးရှို့လို့ ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ယာဉ်တွေက ထွက်တဲ့ မီးခိုးတွေနဲ့ ဆောင်းရာသီကာလ လေအေးတွေပေါင်းစပ်ပြီး ရာသီအလိုက်လေထုညစ်ညမ်းမှုနဲ့ မကြာခဏကြုံနေရတာပါ။ ဒီနေ့ သောကြာနေ့မှာ လေထုညစ်ညမ်းမှု အဆင့် PM 2.5 ရှိပြီးတော့ စာရင်းတွေအရ ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၇ မှာရှိတယ်လို့ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG