ဒေသခံ ၅ဦး သေဆုံးခဲ့ရတဲ့ ကနီ ကျောက်လှေကားရွာကို စစ်ကောင်စီ ဗုံးထပ်လာကြဲ
Your browser doesn’t support HTML5
စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်တပ်ဘက်က လေကြောင်းကနေ ဒုတိယအကြိမ်ထပ်ပြီး ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာထဲက နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။