Linda McMahon ကို ထရမ့်လက်ထက် ပညာရေးဝန်ကြီးအဖြစ် လျာထား

Your browser doesn’t support HTML5

အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အရင် အစိုးရ အဖွဲ့ဝင် ရွေးချယ်မှုတွေ နည်းတူပဲ ပညာရေး ဌာန အကြီးအကဲ အဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူနဲ့ စည်းရုံးရေး အလှူရှင် Linda McMahon ကို ရွေးချယ်ပါတယ်။ သူမရဲ့ အလုပ်အကိုင် အတွေ့အကြုံကတော့ World Wrestling Entertainment လုပ်ငန်းကြီး ကို ကူညီ ဦးဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ သုံးသပ်သူတွေနဲ့ ပညာရေး နယ်ပယ်က လူ အများအပြားကတော့ သူမ အနေနဲ့ ပညာရေးပိုင်းမှာ အတွေ့အကြုံနည်းတယ်လို့ ရှုမြင်ကြပေမဲ့လည်း သူမရဲ့ ခေါင်းဆောင်မှု အောက်မှာ ဦးစားပေး လုပ်ငန်း အပြောင်းအလဲကြီးတွေ ထွက်ပေါ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဗွီအိုအေ သတင်းထောက် Laurel Bowman ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပါမယ်။