ပြန်ဖွင့်လိုက်သော တရုတ်နယ်စပ်ဂိတ်များ

Your browser doesn’t support HTML5

တရုတ်နိုင်ငံရဲ့ ကြားဝင်ပေးမှုကြောင့် စစ်ကောင်စီနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပါတယ်။ ဒီနောက်မှာတော့ ကိုးကန့်ဒေသနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်သုံးခုကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက် အခြေပြုဖော်ပြထားပါတယ်။