မလေးရှားနိုင်ငံက
ကြားဖြတ်ရွေးကောက်ပွဲတခု
မှာ အတိုက်အခံခေါင်းဆောင် အန်န်ဝါ အီဘရာ
ဟင်မ်
အနိုင်ရသွားပြီဖြစ်တာကြောင့် ဆယ်စုနှစ်
တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်
အမတ်
ပြန်ဖြစ်သွားပါပြီ။
လွှတ်တော်ထဲပြန်ရောက်သွားတာဟာ
ရှေ့လ
လယ်မှာ အာဏာရပါတီကို ဖြုတ်ချဖို့ ရည်မှန်း
ချက်ကြီးမားတဲ့ သူ့ရဲ့အစီအစဉ်မှာ
ပထမအဆင့်
ဖြစ်တယ်လို့ အန်န်ဝါကပြောပါတယ်။
မလေးရှားရွေးကောက်ပွဲကော်မရှင်က
ထွက်လာ
တဲ့ ရလာဒ်တွေအရ မစ္စတာအန်န်ဝါဟာ မဲအရေ
အတွက် ၂၈,၀၀၀ ကျော်ရထားပြီး သူ့ပြိုင်ဘက်ကတော့ အဲဒီတဝက်ပဲ ရပါသေးတယ်။
မဲရာခိုင်နှုန်းဘယ်လောက်
အန်န်ဝါရထားတယ်ဆိုတာ ချက်ခြင်း မရှင်းလင်းသေးပေ
မယ့် ၆၀% ထက်မနည်းရမယ်ဆိုတာ
မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြနေ
တယ်လို့ အတိုက်အခံခေါင်းဆောင်တွေက
အစောပိုင်းမှာပြောပါတယ်။