ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက တိုင်းပြည်ရဲ့ အချက်အချာကျတဲ့
လေယာဉ်ကွင်းကြီးမှာ လေယာဉ်တွေ ထွက်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအား
ပေးနေကြပါတယ်။

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာ
လေယာဉ်ကွင်းက တာဝန်ရှိသူတွေရဲ့ အဆို
အရ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ရဲတွေ
ကို ထိုးဖောက်ဖြတ်ဝင်ပြီး ခရီးသည်ရှိရာ
ဂိတ်တွေဆီရောက်အောင် ထိုးဝင်သွားခဲ့
တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းက
လည်း ဆန္ဒပြသူတွေက နေ့စဉ် ခရီးသည်
သန်းနဲ့ချီသုံးတဲ့ လေယာဉ်ကွင်းကိုသွားတဲ့
အဓိကလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပါတယ်။

ပီအေဒီအဖွဲ့ဝင် ဆန္ဒပြသူတွေက ဝန်ကြီးချုပ်
ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို
သွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက တောင်အမေရိကမှာ APEC အစည်းအဝေး သွားတက်ရာကနေ ဒီနေ့
ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကိုပြန်ရောက်ဖို့ အစီအစဉ်ရှိတဲ့ ဝန်ကြီးချုပ် ဆွန်ချိုင်းကို
စောင့်နေပုံရပါတယ်။

ခုလို ဆန္ဒပြသူတွေ လေယာဉ်ကွင်းကို ဝင်ရောက်ဆီးနင်းပြီးနောက် မနေ့အစောပိုင်းက
အစိုးရဆန့်ကျင်သူနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက်မှုဖြစ်တဲ့အထိ ရုန်းရင်း
ဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သေနတ်ပစ်ဖောက်မှုတချို့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး
၁၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။