မြန်မာ့ဂီတဈေးကွက်

အခုတပါတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ခိုးကူးခွေပြဿနာကြောင့် မြန်မာ့ဂီတလောကမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်နေသလဲ။ နိုင်ငံခြားထွက်ပြီး သီချင်းဆိုကြတဲ့ အခြေအနေဟာ အောင်မြင်နိုင်တဲ့ ဈေးကွက်သစ် တခုလား ဆိုတာတွေကို The Wild Ones တေးဂီတအဖွဲ့က ဂီတာသမား စတီဗင်နဲ့ ကိုကျော်အောင်လွင် တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးမှာပါ။